CHAPTER 34 - Drink

Start from the beginning
                                    

လကုန်တဲ့ရက်ထိစောင့်ပေမဲ့လဲကျောင်းကဘာလှုပ်ရှားမှုမှမရှိခဲ့ဘူး။ လူတိုင်းထင်တာကဒီကိစ္စကအေးစက်သွားပီလို့ပေါ့။ ဒါပေမဲ့ကျောင်းကကြေငြာတယ် စနေနဲ့တနင်္ဂနွေနေ့ကျရင် Zhao Cheng ကိုသွားရမယ် ကျောင်းသားတွေမှာနှစ်ရက်နဲ့တစ်ညပြင်ဆင်ချိန်ရမယ်။

အဲ့သတင်းကြေငြာပီးချင်းချင်းမှာ​ကျောင်းသားတွေဆူကြွလာတယ်။ မနေ့ညကအိမ်ကိုပြန်သွားတဲ့စုန့်ရိကအထက်အောက်ခုန်ပေါက်နေတယ်။ သူကZhao Cheng မှာရှိတဲ့ bar တချို့ကိုရှာကြည့်နေရင်းပြောတယ် "ရှောင်သွမ့်! ရှင်သန်ရာအနီရောင်ကွန်ရက်ဆိုတဲ့ bar က​အရမ်းကျော်ကြားတယ်။ ပြောကျတာကတော့ boss က A တဲ့အရမ်းအရမ်းချောတာတဲ့! သူကတက်တူးထိုးပေးတဲ့သူတစ်ယောက်ဖြစ်မယ်ထင်တယ်!"

စုန့်ရိကစကားပြောရင်းသူ့မျက်နှာပေါ်မှာဖုန်းလေးတင်ထားတယ်။ သွမ့်ကျားရန်ကမျက်တောင်လေးခတ်ပီးစိတ်ဝင်စားမှုမရှိဘူး "အာ့ဆို မင်းကZhao Cheng မှာချစ်ခြင်းတရားအစပြုဖို့အစီအစဥ်ဆွဲနေတာပေါ့?"

စုန့်ရိ: "ငါကတစ်ချက်ကြည့်မလို့ပါ ချောမောတဲ့သူကိုအရသာခံစားတာပါ ငါကအတန်းခေါင်းဆောင်ကို​​ကြိုက်နေတုန်းပဲ"

သွမ့်ကျားရန်က​သာမန်ကာလျှံကာပဲမေးလိုက်တယ် "သူကဘယ်လိုလူမျိုးမိုလို့လဲ?"

စုန့်ရိ: "မင်းသားလေး မင်းအဲ့လိုကောင်မျိုးလေးကိုချစ်မိတယ်လို့မခံစားရဘူးလား ခြေလှမ်းတိုင်းကဓားသွားထိပ်မှာလမ်းလျှောက်နေရသလိုပဲ မင်းအာရုံမထားမိရင် သူ့​အမေကသူ့သားကိုထားခဲ့ဖို့လှည့်ကွက်တွေအများကြီးအသုံးပြုနိုင်တယ် ဒါမှမဟုတ် သူ့သားမရှိပဲမနေနိုင်အောင်လဲလျှို့ဝှက်စီစဥ်နိုင်တယ်"

စုန့်ရိကတန့်သွားပီးအကျဥ်းချုပ်လိုက်တယ် "အကောင်းမြင်အောင်လုပ်"

သွမ့်ကျားရန်: " ... "

သွမ့်ကျားရန်ကစုန့်ရိ​လှည့်စားတာကိုနောက်တစ်ကြိမ်ခံလိုက်ရပြန်တယ်။

သွမ့်ကျားရန်ရဲ့ဆွံ့အနေတဲ့ပုံစံကိုတွေ့တော့စုန့်ရိကပြုံးပီးပြောလိုက်တယ် "ငါကစတာပါ ဒါပေမဲ့မနှစ်​တုန်းကကျောင်သားမိဘတွေ့ဆုံပွဲ​မှာတုန်းက ငါ့သူမေမေကိုအဝေးကြီးကနေတွေ့ရသေးတယ် သူမကအရမ်းလှပီအရွယ်တင်တယ် သူ့အစ်မအတိုင်းပဲ"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now