CHAPTER 33 - Flag Station

Start from the beginning
                                    

ရုတ်တရပ်ကောင်လေးတစ်ယောက်ကသူ့ကိုလှမ်းခေါ်တယ်။

"သွမ့်ကျားရန်"

သွမ့်ကျားရန်​လှည့်ကြည့်​လိုက်တယ်။

နည်းနည်းရင်းနှီးနေပုံပေါ်တဲ့ကောင်လေးတစ်ယောက်ကပြေးလာတယ်။ "ငါနဲ့ထပ်ပီးအပြေးပြိုင်မယ်"

" ... "

သွမ့်ကျားရန်အဲ့ကောင်လေးကိုကြည့်လိုက်ပီးရပ်လိုက်တယ် "မင်းကဘယ်သူလဲ?"

ကောင်လေးကဘယ်သူလဲဆိုတာကိုကြားလိုက်တော့မထိန်းနိုင်ဘဲ မျက်နှာကြီးကရှုံ့တွသွားတယ်။ ပီးတော့ဘာခံစားချက်မှာမပါတဲ့စကားလုံးတွေနဲ့ "ငါကလင်းကျန့်!မင်းနဲ့ မီတာသုံးထောင်ပြေးတဲ့တစ်ယောက်!မင်းငါ့ကိုနိုင်သွားတာလေ!"

သွမ့်ကျားရန်ကအဲ့တာမှသတိရသွားတယ်။

မီတာသုံးထောင်ပြေးတုန်းက Sport Classက အထူးကျောင်းသား​ သူနဲ့ပထမဆုံးအကြိမ်ပြိုင်ပြေးဖူးတာပဲ သူတစ်ဖက်လူကိုရှုံးမလိုတောင်ဖြစ်သွားတယ်။

အဲ့ဒီအချိန်မှာဟေးဖျီကလဲသူတို့ဆီကိုပြေးလာပီး ရှင်းပြတယ် "လင်းကောကမင်းကိုဟိုးတစ်ခါတုန်းကရှုံးဖူးတယ် သူပြောတာကသူ့ရဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးမှုတွေကမင်းခြေဖျားအောက်ရောက်သွားတယ်တဲ့"

သွမ့်ကျားရန်ကလင်းကျန့်ကိုကြည့်လိုက်ပီးတည်တည်ငြိမ်ငြိမ်ပဲပြောလိုက်တယ် "ဒါကအပြစ်ပေးလို့ပြေးရတာလေ ကစားပွဲမဟုတ်ဘူး ငါမင်းနဲ့ပြိုင်လိမ့်မယ်လို့မင်းထင်နေတာလား?"

"ငါဂရုမစိုက်ဘူး ငါမင်းကိုကျော်ပီးပြေးနိုင်ရင် ငါနိုင်ပီပဲ!"လင်းကျန့်ကအရှိန်တင်ရင်းပြောတယ် "ငါကဒီညတော့ အရှက်မရချင်ဘူး"

သွမ့်ကျားရန်ကအရှက်ရစရာကဒီလိုငယ်ရွယ်ပီးကလေးဆန်တာမဟုတ်သေးဘူးလားလို့စိတ်ထဲမှာပြောလိုက်တယ်။

တစ်ဖက်လူကပိုပိုပီးဝေးဝေးကိုပြေးသွားတာကိုတွေ့တော့ ဘယ်လိုဖြစ်လဲတော့မသိဘူး သွမ့်ကျားရန်နည်းနည်းသက်သောင့်သက်သာမဖြစ်သလိုခံစားရတယ်။

ပိုပိိုပီးမပျော်မ​ရွှင်ဖြစ်လာတယ်။

သူရူတ်တရပ်အရှိန်မြှင့်လိုက်တယ် "ရတယ်လေ! မင်းကဒီလောင်ဇီကိုမနိုင်နိုင်ပါဘူး!"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now