CHAPTER 33 - Flag Station

Začít od začátku
                                    

နည်းနည်းလေးနူးညံ့ပီးမျက်နှာချိုသွေးတဲ့ပုံလေးဖော်ပြလာတယ်။

လုရှင်းစစ်ပြန်ပီးတောင်မတုံ့ပြန်နိုင်တော့ဘူး။ သွမ့်ကျားရန်ကသူ့မျက်နှာကိုလှည့်ပီးညွှန်ကြားရေးမှူးကျန်းကိုတိုက်ရိုက်ကြည့်လိုက်တယ် "အဲ့တာကဘာလို့လဲဆိုတော့ သူကပထမဆုံးအကြိမ်အဖြစ်အဖမ်းခံရတော့အရမ်းစိတ်လှုပ်ရှားသွားတာ စိတ်လှုပ်ရှားလို့ဦးနှောက်လုပ်ဆောင်နိုင်စွမ်းတွေကျသွားလို့ရယ်"

ညွှန်းကြားရေးမှူးကျန်း: " ... "

လုရှင်းစစ် သွမ့်ကျားရန်ကိုဆွဲပီးရှင်းပစ်ဖို့မစောင့်နိုင်ဖြစ်သွားတယ်။ စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားပီးတော့ သူကသွမ့်ကျားရန်နောက်ကိုလိုက်ပြောတယ် "ကျွန်တော်...ကျွန်တော်ယောင်ဆွဲမိတာ"

ညွှန်ကြားရေးမှူးကျန်းကအဓိပ္ပါယ်ပြည့်ဝတဲ့မျက်နှာအမူအရာဖော်ပြလာလုရှင်းစစ်ကိုမျက်နှာမူလိုက်တယ် "မင်းတွေ့လား မင်းတို့တွေကကိစ္စကြီးကြီးမားမားတောင်မတွေ့ရသေးဘူး သူကမင်းနဲ့realationshipကိုဖြတ်ပစ်ဖို့ဆန္ဒရှိနေပီ ဒီအရွယ်မှာမင်းတို့ချစ်ခြင်းကကျိုးပဲ့လွယ်တယ်"

လုရှင်းစစ်: " .... "

သွမ့်ကျားရန်: " .... "

သွမ့်ကျားရန်ကတစ်ခုခုပြောချင်နေတုန်းပဲ ဒါပေမဲ့ညွှန်ကြားရေးမှူးကျန်းကသူ့ရဲ့ဆင်​ခြေဆင်လက်တွေကိုနားမထောင်ချင်တော့ဘူး။သူကသူ့လက်ကိုဝှေ့ရမ်းလိုက်တယ် "တစ်ယောက်ကိုစာလုံးသုံးထောင် ရှိတဲ့ပြန်လည်သုံးသပ်စာရေး ငါမနက်ဖြန်မင်းတို့ရဲ့အတန်းပိုင်ဆရာမကိုဆက်သွယ်ပီးဒီကိစ္စကိုဖြေရှင်းခိုင်းရမယ်"

သူကစကားပြောပီးသွားတော့ ညွှန်ကြားရေးမှူးကျန်းကသူတို့ကိုဒီနေရာမှာရပ်နေခိုင်းပီး အမျိုးသားသန့်စင်ခန်းထဲကလူတွေကိုဖမ်းဖို့သွားတယ်။

ညွှန်ကြားရေးမှူးကျန်းကကျောင်းနားကအင်တာနက်ကဖေးတွေမှာလိုက်စစ်တယ်။ ကျောင်းသားသုံးဆယ်ကျော်လောက်ဖမ်းမိပီးတော့သူတို့တွေကစားကွင်းထဲကိုဆွဲခေါ်ခံလိုက်ရတယ်။

အဲ့ဒီအချိန်မှာဆယ်တစ်နာရီတောင်ထိုးခါနီးနေပီဆိုတော့အချိန်ကုန်သက်သာစေဖို့အားလုံးကိုအတူတူပြေးခိုင်းတယ်။ဆယ်ပတ်ပတ်ပြေးရမယ်ဆိုတာကိုတွေးမိတော့သွမ့်ကျားရန်ကအလေးအနက်ကြီးထားပြေးဖို့ပျင်းတယ်။သူလုရှင်းစစ်နဲ့လူအုပ်ထဲမှာ​ဖြည်းဖြည်းလေး​ပြေးနေလိုက်တယ်။

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Kde žijí příběhy. Začni objevovat