CHAPTER 18 - Relay Race

Start from the beginning
                                    

သွမ့်ကျားရန်ကသိချင်မိတယ် " ဘာလို့လဲ "

" ငါလဲမသိဘူး သူမပြောတာကသူမက မင်းနဲ့ လုကောရဲ့ fan တဲ့ သူမလာရာလမ်းအတိုင်းပြန်သွားအောင် မင်းကောင်မလေးတစ်ယောက်လောက်ရှာသင့်တယ် လုကောရောပဲ"

"ကောင်းပြီ " လုရှင်းစစ်ကသူ့ရဲ့ခြေဖဝါးနဲ့ဖွဖွလေးလှမ်းကန်ပီး သာမန်ကာလျှံကာပဲ​ပြောလိုက်တယ် "မင်းငါ့ကိုတစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးလို့လား "

" ငါမင်းကိုကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးဖို့ကြိုးစားသေးတယ်လေ မင်းပဲသူ့ကိုစကားလေးတစ်ခွန်းနဲ့နှစ်ခွန်းနဲ့ငြင်းလိုက်တာကို " ကျိုးရှင်ချန်းကခေါင်းခါရင်းပြောတယ် " ငါအဲ့ဒီလိုစိတ်မချမ်းမြေ့စရာတွေမလုပ်ဘူး "

" ငါကမင်းမိတ်ဆက်ပေးစရာမလိုပါဘူး" သွမ်ကျားရန် သူ့နှုတ်ခမ်းတွေကိုတွန့်ကွေးပီးပြောလိုက်တယ် " ငါကအရမ်းချောတယ် အာ့ကြောင့်မို့ လူအများစုကလက်လှမ်းမမှီနိုင်ဘူး"

ကျိုးရှင်ချန်lကရယ်လိုက်တယ်။ သူ့ကိုဘယ်လိုပြန်ချေပရမလဲတောင်မသိတော့ဘူး။ လုရှင်းစစ်ကမော့ငေါ့ပီးညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ သူ့တို့ဘေးက Sport Class ရဲ့ စတင်ပြေးမဲ့ဟေးဖျီကိုတွေ့လိုက်တယ် " ခနနေကျရင် ဟိန့်ပီ မင်းကိုမမီစေနဲ့"

"စိတ်အေးလက်အေးနေပါကွာ" သွမ့်ကျားရန်ကပြောလိုက်တယ် " ငါ့ကိုမီနိုင်မဲ့သူမမွေးသေးပါဘူးကွ "

လုရှင်းစစ်ကရုတ်တရပ်မေးလိုက်တယ် " ကျန်းချီနျန်ကရော?"

သွမ့်ကျားရန်ကပြန်ပြောလိုက်တယ် " အဲ့တာကသေချာပေါက် ငါကအရှိန်လျှော့ပီးသူမကိုစောင့်နေလို့ပေါ့."

လုရှင်းစစ်:" မင်းဘာလို့သူ့ကိုကြိုက်တာလဲ"

သွမ့်ကျားရန်: " လှတယ် အရပ်ရှည်တယ် ငါ့ကို milk tea ဝယ်တိုက်တယ်"

ချန်ယွဲ့: " မင်းရဲ့စံနှုန်းတွေကလဲနိမ့်လိုက်တာကွာ"

သွမ့်ကျားရန်ကရိုးရိုးသားသားပဲပြောလိုက်တယ် " အဓိကအချက်ကတော့ လှပတာပဲ "

သူစကားပြောပီးတော့ ရုတ်တရပ်လုရှင်းစစ်ကိုကြည့်လိုက်တယ်။ သူကသူ့နှုတ်ခမ်းတွေကိုအသံမြည်အောင်လျှာနဲ့သပ်လိုက်တယ် "တကယ်လို့မင်းကမိန်းကလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်​မင်းလဲသေချာပေါက်လှပနေမှာပဲ "

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now