CHAPTER 18 - Relay Race

Start from the beginning
                                    

ဆရာဟယ့်ကခနလောက်စိတ်အလိုလိုက်ပီးပြောလိုက်ပေမဲ့ ခနနေကျတော့ ကျန်တဲ့တစ်ဝက်က ဘာကိုခေါ်လဲဆိုတာမသိတော့ဘူး။

ပရိတ်သတ်ထဲကတစ်စုံတစ်ယောက်ကလှမ်းအော်လိုက်တယ် " ဆရာအဲ့တာ ထျန်းဝမ်တောင်ထွဋ်တိုက်ပွဲပါ "

" ဟုတ်တယ် ဟုတ်တယ် Class 10 နဲ့ Sport Class နဲ့ကြားက ထျန်းဝမ်တောင်ထွဋ်တိုက်ပွဲက စတင်တော့မယ် " ဆရာဟယ့်ကပူးပေါင်းပီးပြောတယ် " ကစားပွဲမစခင်မှာ ကျောင်းသားတွေက ကစားသမားတွေကိုအားဖြည့်ပေးလိုက်ကြအုံး Sport Class ကအတန်းဖော်တွေအအရင်စ "

" လင်းကော ကြိုးစားထား ပြည်နယ်အဆင့်အဖွဲ့ဝင်တစ်ယောက်ရဲ့ပုံစံကိုထုတ်ပြလိုက်!"

"ဟေးဖျီ ငါ့ကိုအားအင်တွေပေးပါ "

Sport Class ကလုံလောက်သွားတော့ ဆရာဟယ့်က တ​ဖက်အတန်းကိုလှုံ့ဆော်လိုက်တယ် " Class10 ကအတန်းဖော်တွေကအားကစားသမားတွေကိုအားပေးလိုက်ကြအုံး!"

" အတန်းခေါင်းဆောင် Cheers!"

" ကျောင်း idol လေးကအချောဆုံး! ကျောင်းလူဆိုးလေးကအံ့ဩဖို့အကောင်းဆုံး!"

" အဆုံးသတ်မှာ Class 10 ပဲအနိုင်ရရမယ်!"

" နှစ်ဖက်လုံးကကျောင်းသားတွေက အရမ်းစိတ်ဓာတ်ပြင်းထန်တာပဲ " ဆရာဟယ့်က အရမ်းကျေနပ်နေတယ် " အာ့ဆိုကျွန်တော်တို့ အတန်းနှစ်တန်းရဲ့ ပါဝင်ယှဥ်ပြိုင်သူတို့တွေကိုကြည့်ကြပါစို့။ Class 10 ကလူတွေကတော့ သွမ့်ကျားရန် ချန်ယွဲ့ ကျိုးရှင်ချန်း လုရှင်းစစ်။ Sport Class ကလူတွေကတော့ ကျန်းလင် ကုရှန်းယွီ ကျိုးရှောင် နောက်ဆုံးတစ်ယောက်ကတော့ လင်းကျန့်။ သူတို့အားလုံးကကောင်ချောလေးတွေဖြစ်လို ပြေးလမ်းပေါ်မှာရပ်နေမယ်ဆိုရင် အမြင်အာရုံတွေကိုဖမ်းစားနိုင်မှာကတော့ သံသယဖြစ်စရာမရှိပါဘူး "

ကုလီကအော်ဟစ်အားပေးနေပီး စမှတ်နေရာကနေ လက်ဝှေ့ရမ်းနေတယ် " ကျိုးရှင်ချန်း! ဘေးမှာရပ်! လုကောနဲ့ရှောင်သွမ့်ကိုငါ့မျက်စိရှေ့ကကွယ်မထားနဲ့ !"

" ... " ကျိုးရှင်ချန်းဘာခံစားချက်မှမရှိဘဲပြောလိုက်တယ် " ဒီအမျိုးသမီးလေးက သူ့ချစ်သူကောင်လေးကိုကျဘေးဖယ်ခိုင်းပီး မင်းတို့နှစ်ယောက်ကိုပဲဓာတ်ပုံရိုက်ဖို့ကြိုးစားနေတယ် "

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now