CHAPTER 18 - Relay Race

16K 2.8K 186
                                    

Unicode

ဒီအံ့အားသင့်စရာ မီတာသုံးထောင်ပြေးပွဲက ရှိနေတဲ့ကျောင်းသားတွေကိုအထင်ကြီးစေရုံသာမက ဆရာဆရာမတွေကိုလဲလှုက်လှုပ်ရှားရှားဖြစ်သွားစေတယ်။

ဒုတိယနှစ်အတွက် ကာယဆရာလေးယောက်ရှိတယ်။ အားကစားပြိုင်ပွဲမှာ ဆရာလေးယောက်လုံးက ဒိုင်လူကြီးအသင်းမှာပါဝင်ကြတယ်။ ဆရာတွေထဲကတစ်ယောက်က မျိုးရိုးနာမည်ဟယ့် နဲ့သူဖြစ်တယ်။ သူက Class 10 နဲ့ Sport Class တွေသင်ရတယ်။ အားကစားပြိုင်ပွဲမှာဝင်ပါတဲ့ကျောင်းသားတွေက တအားစိတ်ဓာတ်ပြင်းထန်တာတွေ့တော့ ဆရာဟော အရမ်းသဘောကျသွားတယ်။

"ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်တဲ့ ကစားပွဲလဲ!" ဆရာဟယ့်က ကျောက်မင်ကျွင်းကိုပြောလိုက်တယ် " ဆရာမကျောက် မင်းတို့အတန်းက သွမ့်ကျားရန်ကတကယ်တော်တဲ့ကောင်လေးပဲ! ကျွန်တော် ဒီလိုဂုဏ်ယူဖွယ်ရာတွေစုပေါင်းနေဖြစ်တည်နေတဲ့ ကောင်လေးမျိုးမတွေ့ရတာတောင်အတော်ကြာပီ!"

ကျောက်မင်ကျွင်းကပြောလိုက်တယ် "သူက ဂုဏ်ပြုသင့်တဲ့ကျောင်းသားကောင်းတစ်ယောက်ပဲ "

အားကစားပွဲရဲ့ဒုတိယမြောက်နေ့မှာတော့ Class 10 နဲ့ Sport Class က finale ​အဆင့်ရောက်နေပီဆိုတာ သူသိလိုက်တယ်။ ဆရာဟယ်က စင့်မြင့်ပေါ်မှာစေတနာ့ဝန်ထမ်းလုပ်နေခဲ့တယ်။ သူကလက်ဆင့်ကမ်းပြေးပွဲအတွက် တိုက်ရိုက်အစီရင်ခံတာယာယီလုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်တယ်။ အာ့ဆိုရင် ဆရာတွေရောကျောင်းသားတွေရောအားကစားပြိုင်ပွဲရဲ့ ပျော်ရွှင်မှုကို အပြည့်အဝခံစားရလိမ့်မယ်။

သူတို့ရဲ့ကံကိုခံစားနိုင်စေချင်လို့ဖြစ်​နိုင်တယ်။ ကစားပွဲမစခင်မှာဆရာဟယ့်က ပြောတယ် " ဒီ 4×400 မီတာ လက်ဆင့်ကမ်း​ပြေးပွဲကအရမ်းအရေးကြီးတယ်။ တကယ်လို့ 5 points ရမယ်ဆိုရင် Class 10 က Sport Class ကိုဖိနှိပ်နိုင်ပီး အားကစားပြိုင်ပွဲရဲ့ပထမနေရာဖြစ်လာမယ် တစ်ဖက်မှာလဲ Sport Class ကရမယ်ဆိုရင် သူတို့အတန်းကအောင်မြင်မှုမှာ ခိုင်ခိုင်မြဲမြဲရပ်တည်နိုင်ပီး နှစ်နှစ်ဆက်တိုက် champion ဆုကိုလဲရမယ်။ ဒီကစားပွဲကအဆုံးသတ်ရလဒ်ကိုဆုံးဖြတ်ပေးလိမ့်မယ် ငါတို့တွေကများသောအားဖြင့်အဲ့တာကို... "(4×400= တစ်ယောက်ကို400m စီနဲ့လေးယောက်ပြေးရတာပါ)

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now