Chapter 1112 [Unicode]

12.5K 406 18
                                    

Chapter 1112: ရည်ရွယ်ချက်ရှိရှိ စျေးဝယ်ခြင်း

နံပါတ်: 2333

အမည်: နဥ်ရှု (အခြေခံအဆင့်တာဝန်ထမ်းဆောင်သူ)

အသက်: 27

အတွေ့အကြုံ: 1650000

ဝိညာဥ်: 300

ဘဝ: 71

ဉာဏ်ပညာ: 170

နှစ်လိုမှု: 3 (+1)

ကံကောင်းမှု: 44

စိတ်စွမ်းအား: 120

ကိုယ်ခံပညာ: 112

ယုံကြည်မှု: 49

ပါရမီ: 39

ကောင်းကျိုး: 6

စွမ်းရည်များ: ငါးကွင်းသေနတ်ပစ်စွမ်းရည်၊ ချာတူးလံတိုက်ခိုက်ရေးစွမ်းရည်၊ ပြိုင်ဘက်ကင်းကိုယ်ခံပညာချာတူးလံအပျော်တမ်းကစားသမား၊အခြေခံအဆင့် စီးပွားရေးစီမံခန့်ခွဲမှု အသိပညာ

ရရှိခဲ့သော ဂုဏ်ပုဒ်များ:
စစ်နတ်ဘုရားမ၊ ကိုယ်ကျိုးမငဲ့သော ဘိုးဘေး

ကိုယ်ရောင်ကိုယ်ဝါ: ကမ္ဘာ့အကြင်နာတတ်ဆုံးမိခင်(မိဘုရားခေါင်ကြီး၏ကောင်းချီး)၊ မော်ဒယ်မမ (ချန်းရှီ၏ကောင်းချီး)၊ စာဖိုမှူးရောင်ဝါ(ချောင်၏ ကောင်းချီး)၊ ရာသက်ပန်သူငယ်ချင်း(မြောင်မြောင်မြောင်၏ကောင်းချီး)

2333:"......"

အရည်အချင်းအမှတ်တွေ ရပြီးတဲ့နောက် နဥ်ရှု ကြော့ကြော့မော့မော့ဖြင့်စက်ဝိုင်းပုံစံ တစ်ပတ်ပတ်ကာ 2333ကို မေးသည်။ "နှစ်လိုမှုအမှတ်တွေ ထပ်ထည့်လိုက်ရင် ငါ ပိုချောလာမှာလား?"

2333: "..."

System news: [2333က ခင်ဗျားကို ဘာမှထပ်မပြောချင်တော့ဘဲ လွှတ်ပစ်လိုက်ချင်ပြီ]

နဥ်ရှု မထီမဲ့မြင်ဖြင့် နှုတ်ခမ်းတို့တွန့်ကွေးသွားပြီး System စျေးနေရာကို ဖွင့်လိုက်သည်။ ကျိန်စာတွေကို ခုခံနိုင်မယ့်ပစ္စည်းရှိမရှိ သူမ သိချင်သည်။ ဒီနည်းဖြင့် နောက်တစ်ခါ ဒီလိုအခြေအနေမျိုး ကြုံတဲ့အခါ သူများပြုသမျှနုစရာ မလိုတော့မည်ဖြစ်သည်။

ဟိုဟိုသည်သည် လျှောက်ကြည့်ပြီးနောက် မုရွှယ် သူမအပေါ်သုံးခဲ့သော ကျိန်စာကို နဥ်ရှု ရှာတွေ့သွားသည်။ ဒါကြီးက တကယ်ကို စျေးကြီးလွန်းသည်။ အမှတ်ငါးသိန်းကြီးများတောင် ပေးရသည်။ ဒါကို တစ်ခါသုံးဖို့အရေး အမှတ်ငါးသိန်းပေးဝယ်သည့်လူကတော့ တော်တော်ကို ချမ်းသာမှာ ဖြစ်သည်။

Realm 18: ကလေးသတို့သမီးWhere stories live. Discover now