CHAPTER 8 - Hospital

Start from the beginning
                                    

" အဲ့တာကခြားနားတယ် အစတုန်းက fan တစ်ယောက်ရဲ့ အမြင်နဲ့ ကြည့်တာလေ သူရဲ့စွမ်းဆောင်ရည်တွေ သူ့ရဲ့​ဩဇာအာဏာရှိတဲ့အရှိန်အဝါတွေကြောင့် ငါကသူ့ကို male god တစ်ယောက်အဖြစ်ဖြူဖြူစင်စင် လေးစားတာကွာ ဒါပေမဲ့ ဒီကိစ္စတွေဖြစ်ပီးတော့ သူ့ရဲ့ပင်ကိုစရိုက်ကအတော်လေး ကောင်းတယ်လို့ ငါတကယ်ခံစားရတယ် "

သွမ့်ကျားရန်ကဘာမှပြန်မပြောဘူး။

"ဟျောင့် မင်းသူ့ကို အခုထိ သဘောမကျသေးဘူးလား "

စုန့်ရိသူ့ခေါင်းကို လှည့်လိုက်တော့သွမ့်ကျားရန်ကသူ့ powerbank ကိုရှာတွေ့လို့ဖုန်းအားသွင်းနေတာကိုတွေ့လိုက်တယ်။ သူကတစ်ခုခုကို သတိရသွားတဲ့အတိုင်း သူ့အောက်နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်လိုက်တယ်။

စုန့်ရိက သွမ့်ကျားရန် တစ်ယောက်မရေမရာဖြေလိုက်တာကိုကြားလိုက်တယ် " အဲ့တာက...ဒီလိုပါပဲ"

လုရှင်းစစ်သောကြာနေ့ည အိမ်ကိုပြန်လာတော့ ကျန်းယောင် ကတခြား ချမ်းသာတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့မာကျောက်ကစားပီးလို့ စားပွဲကိုရှင်းဖို့ညွှန်ကြားနေတယ်။

သူတို့တွေ လုရှင်းစစ်ပြန်လာတာမြင်တော့ တချို့က  မှတ်ချက်ချတယ် "လုရှင်းစစ်ကအခုအရပ်အရမ်းရှည်လာတယ် နော့် "

" ကလေးလေးက သူ့မေမေလိုပဲကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာပဲ "

" သူ့အဆင့်တွေကလဲကောင်းတယ် ဟုတ်တယ်ဟုတ်? လုရှင်းစစ်ကဝင်ခွင့်စာမေးပွဲမှာ ပထမရခဲ့တယ်လို့ ငါတို့မိသားစုရဲ့ ယွမ်ယွမ်လေးပြောတာကြားခဲ့တယ် " အမျိုးသမီးတစ်ဦးကတောက်ပစွာပြုံးရင်းပြောတယ်။ သူကနဲနဲမနာလိုပေမဲ့ ဟန်မဆောင်ဘဲမေးလာတယ် "ရှင်သူ့ကိုဒီလောက်တော်အောင်ဘယ်လိုတွေ သင်ကြားပေးထားတာလဲ "

"ကျွန်မ ဘာမှမသင်ပေးရပါဘူး"ကျန်းယောင် ကသင့်သင့်မြတ်မြတ်လေးပြော​လိုက်တယ် "သူကငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းတယ် "

ကျန်းယောင် ကမျက်နှာလှလှလေးနဲ့ အမြဲတမ်းကျန်းမာသန်စွမ်းတယ်။ သူ့ရဲ့ မျက်လုံးစွန်းနားမှာအရေပြားလေးတွေတွန့်နေတာကလွဲပီးသူမကသူ့အရွယ်တခြားအမျိုးသမီးတစ်ယောက်နဲ့ လုံးဝမတူဘူး။ (ပိုနုတယ်လို့ပြောချင်တာပါ)

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now