CHAPTER 8 - Hospital

19.1K 2.9K 84
                                    

Unicode

လုရှင်းစစ်စာတွေဖြေပီးတော့ အချိန်ပိုက လေးမိနစ်တောင်ကျန်သေးတယ်။

ခနအကြာမှာပဲ ဖုန်းနဲ့ အဖြေရှာတဲ့ကျောင်းသားတွေလဲ သူ့တို့ chapter ကိုပီးအောင် လုပ်ပ်ီးသွားကြတယ်။ သူတို့တွေက သူတို့လေ့ကျင့်ခန်းစာအုပ်တွေကိုဓာတ်ပုံ ရိုက်ပီး အတန်းရဲ့ discussion group ထဲကိုပို့ပေးပီး အဖြေတွေကိုဝေမျှတယ်။ သူတို့ကြားထဲကလေထု အတော်လေးပျော်ရွှင်ဖွယ်ရာကောင်းလှတယ်။

Chemistry ဆရာထွက်လာတော့ လေ့ကျင့်ခန်းစာအုပ်တွေကို ကြမ်းပြင်ပေါ်မှာ သပ်သပ်ရပ်ရပ်စီထားတာကိုတွေ့လိုက်ရတယ်။ သူကအရင်ဆုံးလုရှင်းစစ်ကိုအရင်ဆုံးကြည့်ပီး ကျန်တဲ့သူတွေကိုကြည့်လိုက်တယ်။

" အားလုံးပြီးသွားပီလား?"

ကျောင်းသားအားလုံး တစ်ယောက်ပီးတစ်ယောက်ခေါင်းငြိမ့်လိုက်ကြတယ်။ Chemistry ဆရာက စာအုပ်တွေယူပီး ဆရာတွေရုံးခန်းကို လိုက်ပို့ဖို့ အတန်းကိုယ်စားပြုတစ်ယောက် ကိုကျောင်းသားတွေကိုရွေးခိုင်းလိုက်တယ်။

" တကယ်လို့အဖြေအများစုကမှန်မယ်ဆိုရင် မင်းတို့တွေသေသေချာချာလေ့လာခဲ့တယ်လို့ယူဆလိုက်မယ် ပီးတော့ ခုနလေး​တုန်းကဖြစ်ခဲ့တဲ့ ကိစ္စကို​လဲ အလွှတ်ပေးလိုက်မယ် တကယ်လို့အမှားများမယ်ဆိုရင်တော့ မင်းတို့ကောင်တွေ knowledge point တွေရေးဖို့သာပြင်ထား "

ကျောင်းသူလေးတွေကမြန်မြန်ပြောလိုက်တယ် " ကျေးဇူးတင်ပါတယ်ဆရာ "

"ကဲဝင်တော့" ဆရာကပြောလိုက်တယ် "နောက်တစ်ကြိမ်ဆိုတာရှိတော့မှာမဟုတ်ဘူး တကယ်လို့မင်းတို့ နောက်တစ်ခါအတန်းလစ်မယ်ဆိုရင်လဲ ငါအတန်းချိန်မှာတော့မလုပ်မိစေနဲ့ "

စာသင်ခန်းအတွင်းမှာ...

စုန့်ရိကစားပွဲပေါ်က ရေဗူးထဲကနေပီး ရေတွေကိုပလုတ်ပလောင်းသောက်နေတယ်။ သွမ့်ကျားရန်ကအစတုန်းက powerbank ရှာနေတာ ရုတ်တရပ်ကြီး စုန့်ရိပြောတာကြားလိုက်ရတယ် " ငါတို့အတန်းခေါင်းဆောင်ကတကယ်မဆိုးဘူးလို့ငါထင််တယ်"

သွမ့်ကျားရန်ကခေါင်းမမော့ဘဲပြန်ပြောလိုက်တယ် " သူကမဆိုးဘူးလို့မင်းအမြဲတမ်းတွေးနေကြပဲမလား"

ကိုယ်နှစ်သက်မြတ်နိုးရပါသောမင်းရနံ့လေး (ဘာသာပြန်)Where stories live. Discover now