Special Part - 2

1.9K 74 11
                                    

" မြေပြန့်သူလေး "
~~~~~~~~~~~~~~
Special Part - 2
~~~~~~~~~~~~~
" ဦးသူ့ ဦးသူ့ ချယ် စိတ္တဇစံအိမ်ထဲဝင်ချင်တယ် အဲ့ဒါအရမ်းဝင်ချင်နေတာ "

" အိုခေ အိုခေ ဦးလက်မှတ်သွားဖြတ်လိုက်မယ် နွယ်ရော ဝင်ချင်လား "

" နည်းနည်းတော့ကြောက်ပေမယ့် ကိုကိုရှိတော့ နွယ်လည်းဝင်ပါ့မယ် "

" ဒါဆို ကိုကို နွယ့်အတွက်ပါလက်မှတ်ဖြတ်လိုက်မယ်နော် "

" ဟုတ် ကိုကို "

ချယ်ကတော့ ဦးသူ့က ထိုအမခေါင်းပေါ်ကိုလက်လေးနဲ့ဖွဖွလေးပွတ်လိုက်တာကိုကြည့်ပြီး နှုတ်ခမ်းကိုက်လိုက်မိသည်

" ဟွန့် ကြည့်နေပါ နန်းချယ်ရီမေတဲ့ "

ချယ်လည်း လက်မှတ်ဖြတ်ပြီးတော့ပြန်လာတဲ့ ဦးသူ့နဲ့ အမနွယ်ကိုကြည့်ပြီး ပြုံးပြလိုက်သည်

" ဦးသူ့ ချယ်အရှေ့ကနေမယ်နော် "

" အဆင်မပြေဘူးထင်တယ်နော် ချယ်လေး....စိတ္တဇစံအိမ်က နည်းနည်းကြမ်းတယ် "

" သိပါတယ်ဦးသူ့ကလည်း ချယ် လိုင်းပေါ်ကနေ မြင်ဖူးပါတယ်နော် အရမ်းလည်းကြောက်ဖို့မကောင်းပါဘူး "

" ကိုကိုကလည်း ညီမလေးက အရှေ့မှာနေချင်တာပဲ နေခိုင်းလိုက်ပါ "

" အင်း ဒါဆိုလည်း နွယ်ကအလယ်မှာနေလိုက်နော် "

" ဟုတ် ကိုကို "

ချယ်ကတော့ သူ့ကောင်မလေးကိုပဲဂရုစိုက်နေတဲ့ ဦးသူ့ကြောင့် စိတ်အချဥ်ပေါက်လာရသည်

တကယ်တမ်း စိတ္တဇစံအိမ်ထဲဝင်တော့ စံအိမ်အပေါက်ဝမှာတင် ချယ့်မှာရှေ့ဆက်လို့မရတော့ပေ

အရှေ့ကနေ ခြောက်ဖို့စောင့်နေတဲ့ မဲမဲနဲ့အကောင်ကြီးက ဟိုပြေးဒီပြေးလုပ်နေတာမို့ ကြောက်စိတ်ကဝင်လာတော့သည်

" အဟင့် ဦးသူ့ ချယ်ကြောက်တယ် "

ကြောက်တယ်ဆိုပြီး သူ့အနားကိုလာကာ ငိုမဲ့မဲ့လေးပြောလာတဲ့ ချယ်လေးကြောင့် ကောင်းမြတ်သူလည်း တစ်ချက်ရယ်လိုက်ပြီး သူပဲအရှေ့ကနေ ဦးဆောင်လိုက်ရသည်

ချယ်ကတော့ ဦးသူ့ကအရှေ့ကိုသွားတာနဲ့ ဦးသူ့လက်မောင်းကိုထပ်ကြပ်မကွာကိုင်ထားပြီး သူမကအလိုလိုနေရင်း ဦးသူ့အနောက်မှာနေလိုက်ရပြီး အမနွယ်ဒါလီကတော့ အနောက်ဆုံးမှာဖြစ်သွားရသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now