အပိုင်း ( ၈ )

4.3K 109 6
                                    

မြေပြန့်သူလေး
-------------------
Part - 8
-----------
" ဒါက ကျွန်တော်တို့ အဖွဲ့ ၁က ဒီဇိုင်းဆွဲထားတဲ့ပုံစံပါ "

projector မှာပေါ်လာတဲ့ အခန်းဖွဲ့စည်းပုံကိုသူလည်း အသေအချာကြည့်နေလိုက်သည်

" အင်း အဖွဲ့ ၁က လုပ်ထားတာမဆိုးဘူး ဒါပေမဲ့ အနည်းငယ်လိုအပ်ချက်တော့ရှိနေသေးတယ် color ပိုင်းကိုတော့ ကျွန်တော်သိပ်သဘောမကျဘူး အဲ့အပိုင်းကို အဖွဲ့ ၃က ကူညီပေးလိုက်ပါ "

" ဗျာ ဒါဆို ကျွန်တော်တို့ရဲ့ project ကရော "

" အဖွဲ့ ၃က ကစားကွင်းပိုင်းကိုတာဝန်ယူထားတာမလား အဲ့ဒါက ဒီ ၂ရက် ၃ရက်လောက်ဆို ပြီးတော့မှာပဲလေ color ပိုင်းပြင်ဆင်တာက ၁ရက်တောင်မကြာပါဘူး "

" ဟုတ် ဟုတ်ကဲ့ Boss "

" အားလုံးပဲ ဒီ project ကိုသေချာလုပ်ဖို့ ထပ်ပြီးပြောပါရစေ ဒီမှာအောင်မြင်ရင် နောက်ထပ်တစ်နေရာမှာပါ လုပ်ငန်းချဲ့မှာမို့ ပိုပြီးအားစိုက်ပေးကြပါ "

" ဟုတ်ကဲ့ပါ Boss "

" ဒါဆို ဒီလောက်နဲ့ပဲ အစည်းအ​ဝေးရပ်လိုက်တော့မယ် နောက်တစ်ပတ်ကျ အကုန်အဆင်သင့်ဖြစ်တာလိုချင်တယ် "

ပြောပြီးပြီးချင်းထွက်သွားတဲ့ Boss ဖြစ်သူကြောင့် သူတို့လည်း ၁၀ထပ်ကိုဆင်းဖို့ ဓာတ်လှေကားဆီသွားလိုက်သည်

" အခုကျွန်မတို့နဲ့တစ်ခါတည်း လိုက်ခဲ့ပါ အဖွဲ့မှူး"

" ဗျာ ကျွန်တော်မအားသေးဘူးဗျ ကစားကွင်းဘက်ကလုပ်ရမှာတွေကျန်သေးတယ် "

" ဒါဆို ကျွန်မ​က ရှင်အားတဲ့အချိန်ကိုပဲစောင့်နေရမှာလား "

" ဒါပေါ့ "

" ဘာပြောတယ် အဲ့လိုရမလားရှင့် color ပိုင်းကို ပြင်ပြီးမှ အဲ့ဘက်ကိုလုပ်သင့်တယ်လေ ကျွန်မတို့ project က ပြီးခါနီးပြီ "

" ကဲပါ အဖွဲ့မှူးရယ် အဖွဲ့ ၁ကိုပဲ အရင်ကူညီပေးလိုက် နောက်မို့ဆို Boss စိတ်ကသိတဲ့အတိုင်းပဲ "

ဒါရိုက်တာကဝင်ပြောမှ သူတို့ ၂ယောက်လည်း သဘောတူညီမှုရသွားကြတယ်

" ဒါ​ဆို ကျွန်မတို့ ရုံးခန်းကိုပဲလိုက်ခဲ့လိုက်နော် "

ပြုံးစစနဲ့​ပြောနေတဲ့ အဖွဲ့ ၁ခေါင်းဆောင်ကို သူလုံးဝကြည့်မရပါ

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now