အပိုင်း ( ၄၁ )

3K 103 5
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 41
~~~~~~~
" အင့်....အီး...ဟီး..... ကိုကို "

ကိုကို့ကိုဆေးရုံခန်းဝမှာတွေ့လိုက်ရလို့ မျက်ဝန်းမှာ တကယ်ကိုပျော်သွားရသည်

ခြေထောက်ကလည်းထိထားသေးတာမို့ မျက်ဝန်းမှာ ကုတင်ထက်ကနေပဲ ကိုကို့ဆီလက်ကမ်းလိုက်သည်

ကိုကိုက သူမဆီလာနေပေမယ့် မျက်နှာက အပြုံးအရယ်မဲ့နေသည်

" ကိုကို ကလေးကိုဖက်ထားပေး "

" အဟက် "

ခပ်မဲ့မဲ့ပြုံးလာတဲ့ကိုကို့ကြောင့် မျက်ဝန်းမှာဝမ်းနည်းစိတ်က​ဖြစ်ပေါ်လာရသည်

" မင်းရုပ်က အတော်ပျက်စီးသွားတာပဲ "

" ကိုကို "

" ငါ့ကို ကိုကိုလို့မခေါ်နဲ့တော့ မင်းနဲ့ငါနဲ့ဇာတ်လမ်းကပြီးပြီ မင်းလိုရုပ်ဆိုးမကိုငါမတွဲနိုင်တော့ဘူး "

" ကိုကို အဲ့လိုမပြောပါနဲ့
ကိုကိုပဲ ကလေးကိုချစ်တယ်ဆို "

" အဲ့ဒါအရင်ကပါ အခုကတော့ငါ့ဘက်ကနိုးပဲ
မင်းဆေးရုံကဆင်းပြီးရင်လည်း ငါ့ကိုမဆက်သွယ်နဲ့ အခုတစ်ခါတည်းရှင်းသွားအောင်လာပြောတာ "

" အဟင့်....ကိုကို...အင့် "

သူမ မျက်နှာကိုရွံရှာသလိုကြည့်ပြီးထွက်သွားတဲ့ ကိုကို့ကြောင့် မျက်ဝန်းရဲ့နှလုံးသားကတဆစ်ဆစ်နှင့်နာကျင်လို့လာသည်

မျက်ရည်များကလည်း တသွင်သွင်နှင့်စီးကျနေလျက်

" အန်တီနွယ် မျက်ဝန်းလက်ချောင်းတွေလှုပ်လာပြီ "

ချစ်စုရတီကပြောတော့ နွယ်နွယ်ညိုလည်းကြည့်လိုက်တော့ တကယ်ကိုလှုပ်သွားတာမို့ သူမလည်း နှောင်းကို ဆရာဝန်ကိုပြေးခေါ်ခိုင်းရသည်

ခဏနေတော့ သမီးဖြစ်သူက မျက်ရည်များစီးကျနေတာမို့ သူမမှာဝမ်းနည်းနေရသည်

မျက်ဝန်းလည်း မေကြီးနဲ့စုစုရဲ့အသံကိုကြားလိုက်ရတာမို့ အိပ်မက်ကမ္ဘာကနေလန့်နိုးပြီး မျက်လုံးများကဆတ်ခနဲပွင့်သွားမှ ဆေးရုံရောက်နေမှန်းသိလိုက်ရသည်

ခုနကအရာက အိပ်မက်ဆိုတာသိမှ မျက်ဝန်းလည်း သက်ပြင်းချလိုက်မိသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now