အပိုင်း ( ၄၅ )

3.2K 98 10
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 45
~~~~~~~
အကုန်လုံးရဲ့ခွင့်ပြုချက်နဲ့ပဲ မျက်ဝန်း ရှမ်းပြည်ကိုထွက်လာခဲ့သည်

အရင်တစ်ခါက ကိုကိုနဲ့အတူတူသွားတာမို့ ပျော်ရွှင်နေပေမယ့် အခုတစ်ခါလည်းကိုကို့ကိုတွေ့ရမှာမို့ ပျော်ရွှင်နေမိသည်

တစ်​ယောက်တည်းခရီးသွားရတာ ခြောက်ကပ်ကပ်နိုင်ပေမယ့်လည်း အဆင်ပြေပါတယ်

တောင်ကြီးလေဆိပ်ကိုရောက်တော့ အဲ့ကနေ ကားငှားပြီး နန်းမြိုင်ဝင်္ကပါသို့ထွက်လာခဲ့သည်

တောင်ကြီးကအေးပေမယ့် သူမရင်ထဲမှာတော့ နွေးနေသည် ဒါဟာအချစ်ရဲ့စွမ်းအားများလား

" မယ်မယ်ကြီး တံခါးအပြင်ဘက်မှာ အကိုလေးရဲ့ ကောင်မလေးရောက်နေပါတယ်ဗျ ဖွင့်ပေးရမလား "

" မေးနေစရာလိုသေးလို့လား ဖွင့်ပေးရမှာပေါ့
သွားသွား မြန်မြန် "

ဒေဝီနဲ့အမရာလည်း ချက်ချင်းဆိုသလိုအောက်ထပ်ကိုဆင်းလာခဲ့ပြီး စောင့်နေလိုက်သည်

ခဏနေတော့ ပုလဲရောင်ခနေတဲ့ မျက်နှာလှလှလေးတစ်ခုကို တွေ့လိုက်ရသည်

" သမီး လာ ဒီမှာထိုင် "

" ဟုတ် "

အိမ်ထဲကိုစဝင်ကတည်းက ကိုကို့ကိုရှာနေပေ
မယ့် အခုထိမတွေ့သေးပါ မနက်ခင်းစောစောပဲရှိသေးတာမို့ အလုပ်မသွားသေးတာက သေချာသည်

" ဘယ်သူ့ကိုရှာနေတာလဲ သမီး "

သူမပုံစံကသိသာလို့ထင်ပါရဲ့ ကိုကို့မေမေကတောင် မေးယူနေရသည်

" ဟို ကိုကို့ကိုပါ "

" ဟင် မျက်ဝန်းမသိဘူးလား ခွန်းက ဒီမှာမဟုတ်ဘူး "

" ဒါ ဒါဆို ကိုကိုက ဘယ်မှာလဲဟင် "

" သားက နမ့်စန်မှာကွဲ့ သမီးကိုမပြောပြဘူးလား"

" ဟုတ် မပြောပြဘူး အန်တီ
ကိုကိုနဲ့အဆ​က်အသွယ်မရတာ တော်တော်ကြာနေပြီ "

" ဟင် သမီးတို့ဘာဖြစ်ထားကြတာလဲ "

မျက်ဝန်းလည်း အဖြစ်မှန်တွေအကုန်လုံးကို အစကနေ အဆုံးထိရှင်းပြလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now