အပိုင်း ( ၅၂ )

3.2K 83 3
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 52
~~~~~~~
" Congratulations "

" ဖြောင်း....ဖြောင်း.....ဖြောင်း "

မျက်ဝန်းနဲ့ကိုကိုအိမ်ထဲဝင်ဝင်ခြင်းပဲ Surprise လုပ်လာတဲ့ လူတစ်စုကြောင့် အားရပါးရပင်ပြုံးမိသွားသည်

နှောင်းကလည်း ကိတ်လေးကိုင်ထားသေးသည်

" မကြီးနဲ့ကိုကြီး မီးမှုတ်တော့ ကိုင်ထားရတာညောင်းလာပြီ "

နှောင်းကပြောလာတာမို့ မျက်ဝန်းနဲ့ကိုကိုလည်း ဖယောင်းတိုင်မီးကိုပြိုင်တူမှုတ်လိုက်ကြသည်

" ရေး...... "

" သမီးနဲ့သားဒီကိုလာ "

မေကြီးက ဆိုဖာကိုညွှန်ပြတာမို့ မျက်ဝန်းတို့လည်း အတူတူဝင်ထိုင်လိုက်ကြသည်

" သမီးတို့ညစာတစ်ခါတည်းစားသွားကြနော် "

" ဟု​တ် မေကြီး "

" မျက်ဝန်းက အန်တီတို့အတွက်ပထမဆုံးမြေးဦးလေးကိုလွယ်ပေးထားတဲ့အတွက် အန်တီတို့ရော သမီးသူငယ်ချင်းတွေရော သမီးမိဘတွေပါစုပြီး သမီးတို့ဇနီးမောင်နှံအတွက်လက်ဆောင်ပေးတာ "

မျက်ဝန်းလည်း ကတ္တီပါဘူးအဖြူလေးကိုဖွင့်ကြည့်လိုက်တော့ Lotus က အသစ်ထွက်ထားတဲ့ စိန်လက်စွပ်ဖြစ်နေတာမို့ အံ့သြသွားသည်

ခွန်းမှာလည်းတန်ဖိုးကြီးတဲ့လက်ဆောင်ကိုမြင်လိုက်ရတာမို့ မျက်ခုံးပင့်မိသွားသည်

" အန်တီတို့ကလည်း ဒါကစျေးအရမ်းများတာ "

" ဟုတ်တယ်ခင်ဗျ ကျွန်တော်တို့လက်မခံပါရစေနဲ့ "

" အမလေး ဘာမှမဖြစ်ဘူးအကိုခွန်းရဲ့ ယူသာယူ"

" ဟုတ်တယ် သားခွန်း
ဒါကအမှတ်တရပေါ့ကွယ်... ဒီလက်စွပ်ကိုသာ ဟိုတစ်သိုက်ကိုပေးကြည့်ပါလား ငြင်းဖို့ဆိုတာအဝေးကြီးမှာ "

အာကာတို့လည်း သူတို့ကိုမျက်စောင်းဝင့်ပြီးပြောလိုက်တဲ့ အန်တီနွယ်ကြောင့် စပ်ဖြီးဖြီးရယ်ပြလိုက်သည်

" ကဲပါ ယူလိုက်ကြ မိသားစုတွေဖြစ်နေပြီပဲ
အားနာစရာမလိုဘူး ဟုတ်ပြီလား "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now