အပိုင်း ( ၆၅ ) - ဇာတ်သိမ်းပိုင်း

5.5K 95 23
                                    

မြေပြန့်သူလေး (ဇာတ်သိမ်းပိုင်း)
~~~~~~~~~~~
Part - 65
~~~~~~~
" ညီလေးကောင်းမြတ် ကလေးတွေကိုခဏထိန်းပေးဦးကွာ "

" ရတယ်အကို ကျွန်တော်ကြည့်ထားပေးမယ် "

" ကျေးဇူးကွာ ငါ့ညီ "

ခွန်းရယ် ဝဠာရယ် အာကာရယ်က မီးဖိုချောင်ထဲမှာ ၃ယောက်သားအလုပ်ရှုပ်နေကြပြီး ကောင်းမြတ်သူနဲ့ဝလ္လာကတော့ ကလေးပိစိလေး ၃ယောက်နဲ့အတူ ကာကာလေးနဲ့ချယ်လေးကိုပါ ထိန်းနေရသည်

အမျိုးသမီး ၃ယောက်က မနက်ကတည်းကရွာထဲသွားတာ ညနေလောက်မှပြန်လာမည်ဆို၍ သူတို့မှာ ကလေးတွေအတွက်ရော သူတို့အတွက်ပါ နေ့လည်စာချက်နေရသည်

ပိစိလေး ၃ယောက်က တအားဆိုးတာမို့ ကောင်းမြတ်သူနဲ့ဝလ္လာမှာလည်းထိန်းလို့မနိုင်ပေ
ဒါကြောင့် သူတို့အနောက်က ၃ယောက်မှာလည်း အားရင်အားသလို ကလေးပြေးထိန်းရသည်

စဝ်ခွန်မှိုင်းခကတော့ ဒီနေ့ကသူ့မွေးနေ့ဆိုတာ မေ့ချင်သလိုလိုတောင်ဖြစ်နေလေပြီ

" ဒယ်ဒီ ဗိုက်ဆာလာပြီ "

အလင်္ကာလေးက မီးဖိုခန်းထဲဝင်လာကာ ဗိုက်‌လေးကိုပွတ်ပြီး စူပုတ်ပုတ်လေးပြောလာလေသည်

" အင်း မီးလေး နောက်ထပ် ၅မိနစ်ဆိုပြီးပြီနော် "

" ဟုတ် "

" ကာကာလေး ခဏနေရင် ကာကာလေးကြိုက်တဲ့ ပုစွန်ကျွေးမယ်နော် "

" ဟုတ် အန်သယ်စိုင်း "

" အကို ကလေးကို နို့ချောင်းလေးကျွေးထားရမလား "

" မကျွေးနဲ့တော့ ဝလ္လာ ထမင်းစားချိန်ကျ အများကြီးမစားနိုင်ဘဲနေလိမ့်မယ် "

" ဟုတ်ကဲ့ အကို "

ဝလ္လာလည်း ဟင်းတွေကမကြာခင်ကျက်တော့မှာမို့ အေပရွန်ကိုချွတ်ကာ လက်သေချာဆေးပြီး ထမင်းစားပွဲကိုပြင်လိုက်သည်

ကာကာလေးကိုတော့ သူမလေးရဲ့ထိုင်ခုံပေါ်မှာတင်ပေးထားလိုက်သည်

အရှေ့ကအဖွဲ့တွေကတော့ ဆူညံနေလို့ပါပဲ

" ကလေးတွေ ထမင်းစားလို့ရပြီ လာကြတော့ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now