အပိုင်း ( ၆၁ )

2.6K 84 10
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 61
~~~~~~~
" မမကြီး သား မမကြီးကိုပြောစရာရှိတယ် "

" ပြောလေ သားသား "

" သား ချစ်သူရနေပြီ "

" ကောင်းတာပေါ့ ကောင်မလေးကနိုင်ငံခြားသူလေးပဲလား "

" မဟုတ်ဘူး မမကြီး "

" ဒါဆို မြန်မာမလေးပေါ့ "

" မဟုတ် မဟုတ်သေးဘူး "

" ဟော ဒါဆိုဘယ်သူလဲ "

" သူ ..... သူ "

" ဘယ်လို "

ဘေးနားမှာရှိတဲ့ CEO စိုင်းဇွဲရှိန်ကို လက်ညှိုးထိုးပြတာမို့ မျက်ဝန်းမှာခဏလောက်ကြောင်သွားမိသည်

မျက်ဝန်းတင်မက စဝ်ခွန်မှိုင်းခလည်း မျက်ခုံးပင့်မိသွားသည်

" မမကြီး သားတို့ကိုသဘောမတူလို့လား "

" ဟမ် မ...မဟုတ်.... "

" ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်ကအတင်းအကျပ် သူ့ဆီကအဖြေတောင်းမိတာပါ "

" မဟုတ်ပါဘူး ကိုကိုကလည်း ကျွန်တော်လည်း ကိုကို့အပေါ်စိတ်ရှိနေလို့ပါ "

အရှေ့က ၂ယောက်က တစ်ယောက်ကိုတစ်ယောက်ကာပေးနေကြတာမို့ မျက်ဝန်းမှာဘာပြောလို့ပြောရမှန်းကိုမသိတော့လို့ ကိုကို့ဆီကို
လှည့်ကြည့်လိုက်ရသည်

ကိုကိုကလည်းအလိုက်သိစွာ သူမအနားကိုသားလေးကိုချီပြီးရောက်လာလေသည်

" ကလေးကကြောင်မနေနဲ့လေ သူတို့ကိုတစ်ခုခုတော့ပြောဦးပေါ့.... နော် "

ကိုကိုက သူမခေါင်းလေးကိုပုတ်ပြီးပြောလာတာမို့ မျက်ဝန်းလည်းခေါင်းညိတ်ပြလိုက်သည်

" အဟမ်း.....မကြီးကတော့နှစ်ယောက်လုံးကို
ကန့်ကွက်စရာမရှိပါဘူး "

" တကယ် တကယ်နော်မမကြီး "

" အင်းအင်း...ဒါပေမယ့် မေကြီးနဲ့ဖေကြီးသိရင်တော့ ငါလည်းမပြောတတ်ဘူး "

" ကျွန်တော်တို့ ကြိုးစားမှာပါ အကုန်လုံးလက်ခံအောင် "

" အင်းပါအင်းပါ သဘောပါပဲ "

" ကျေးဇူးတင်ပါတယ်ဗျ "

" မကြီးကိုအရမ်းချစ်တာပဲ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now