အပိုင်း ( ၂၈ )

3.1K 98 3
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 28
~~~~~~~
"သမီးလေးက ဒီအဝတ်အစားလေးနဲ့လိုက်သားပဲ"

" အဟီး ကျေးဇူးပါရှင့် "

အမ အမရာရဲ့သူငယ်ချင်းက သူမဖို့ဆိုပြီး အကျီလက်ဆောင်လာပေးတာမို့ မျက်ဝန်းလည်းဝတ်ကြည့်တော့ အနည်းငယ်ပွနေပေမဲ့ အဆင်ပြေပါသည်

ချည်သားစစ်စစ်ဖြစ်တာမို့ ဝတ်ရတာလည်း သက်သောင့်သက်သာရှိသည် ကြာနဲ့ရက်ထားတာမို့ ကြာနံ့လေးကလည်းသင်းနေလျက်

" တီတီ​လေး အရမ်းအရမ်းလှတယ် "

" ချယ်လေးလည်း လှတယ်နော် ဒီဝတ်စုံလေးနဲ့ "

" အဟီးဟီး "

အချင်းချင်းအမွှန်းတင်နေကြတဲ့ ကလေး၂ယောက်ကို လူကြီးတွေလည်း ဓာတ်ပုံရိုက်ပေးလိုက်ကြသည်

" မျက်ဝန်းရေ အမတို့သွားကြရအောင် "

" ဟုတ် အမ "

မျက်ဝန်းနဲ့အမရာလည်း လှေတစ်စီးနဲ့ အမရာ့သူငယ်ချင်းအိမ်ကိုထွက်လာခဲ့သည်

အိမ်ရောက်တော့ လူတွေကအများသား

မျက်ဝန်းလည်း ကိုကို့ကိုတွေ့လိုက်ရတာမို့ ကိုကို့အနားကိုသွားလိုက်သည်

မနေ့က သူမကိုလူပျိုလာလှည့်တဲ့အင်းသားများကိုလည်းတွေ့ရသေးသည်

ဒါပေမဲ့ ထူးဆန်းစွာ ကိုကိုနဲ့ခင်ခင်မင်မင်ပါပဲ

" ကလေး အရမ်းလှနေတယ် "

" အဟီး ဒါပေါ့ ကိုကို့ရဲ့ကလေးလေးပဲလေ "

" အဟား တတ်လိုက်တာကွာ "

" ဒါနဲ့ကိုကိုက ဂစ်တာဘာလို့လွယ်ထားတာလဲ "

" ကိုကိုက တီးမယ့်အဖွဲ့ကဗျ "

" ကဲကဲ မျက်ဝန်းရေ ဒီဘက်ကိုလာခဲ့တော့နော် "

မျက်ဝန်းလည်း ကိုကို့ကိုနှုတ်ဆက်ပြီး အမ
အမရာအနားကိုသွားလိုက်သည်

ယောက်ျားလေးတစ်ဖက်စီ မိန်းကလေးတစ်ဖက်စီခွဲထားပြီး အကုန်လုံးကလည်းတက်တက်ကြွကြွနှင့်

မျက်ဝန်းတို့ဘက်မှာ အန်တီအရွယ်တွေလည်းပါပြီး ဟိုဘက်မှာလည်း သက်ကြီးပိုင်းတွေပါသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now