အပိုင်း ( ၄ )

5.4K 125 0
                                    

မြေပြန့်သူလေး
-------------------
Part - 4
-----------
" မျက်ဝန်း အားလုံးစုံရဲ့လား ကြည့်ဦး "

" စုံပြီ မမရဲ့ "

" ၂ရက်လောက်နေမှာဆိုတော့ တော်ကြာပြန်ပြီးယူနေရမှာစိုးလို့ "

" စိတ်သာချ ဘာမှမမေ့စေရဘူး "

" ဟုတ်ပါပြီကွယ် ဒါဆို ပစ္စည်းတွေတင်မယ် ညီမလေး "

" ဟုတ် "

သူတို့ ၂ယောက်လည်း ကားပေါ်ကိုလိုအပ်တဲ့ပစ္စည်းများ တင်လိုက်ကြသည်

သင်္ဂဟရွာမှာ ဆန် ဆီ ဆား အကုန်လျှူမှာဖြစ်လို့ Light truck ကားကတစ်စီး သူမတို့တွေပဲလိုက်မဲ့ကားကသက်သက်တစ်စီးမို့ ၇နာရီလောက်မှာ အကုန်လုံးစုဝေးနေကြသည်

တနှစ်တခါလျှူနေကြဖြစ်လို့ အကုန်လုံးကလည်း တက်ကြွနေကြသည်

မျက်ဝန်းကတော့ အေးလွန်းလို့ မီးလှုံနေတဲ့ လူတွေအနားမှာပဲထိုင်ပြီး လိုအပ်တာများဝိုင်းလုပ်ပေးနေလိုက်တယ်

သိုးမွှေးဦးထုပ် ၊ လည်ပတ် ၊ လက်အိတ် ၊ ခြေအိတ် ၊ အနွေးထည် ၂ထည် ဝတ်ထားတာတောင် သူမမှာချမ်းနေရသည်

ရှမ်းပြည်ရဲ့ December ဆောင်းကတော့ တကယ့်ကိုအေးလွန်းနေလို့ မျက်ဝန်းမှာအသားကျအောင်မနည်းကြိုးစားပြီး နေနေရသည်

" ဟေ့ ဒီက သမီးက ရန်ကုန်ကလာတာဆို "

" ဟုတ် ဟုတ် အန်တီ "

" တို့ရာသီဥတုနဲ့ အဆင်ပြေရဲ့လား "

" ချမ်းတာတော့ အတော်ချမ်းတယ် အန်တီ "

" ရော့ရော့ ကော်ဖီဘူးလေးယူလိုက် ချမ်းတိုင်း ကော်ဖီသောက် အဆင်ပြေတယ် "

" ကျေးဇူးတင်ပါတယ်ရှင့် "

" ရေနွေးကြမ်းလည်းရှိတယ်နော် ကလေးမ
သောက်ချင်ရင်ပြောပေါ့ "

" ဟုတ် ဟုတ် အန်တီ "

အကုန်လုံးက နွေးနွေးထွေးထွေး ဆက်ဆံပေးလို့လည်း နေရထိုင်ရတာ အဆင်ပြေလေသည်

" ကားပေါ်တက်ကြမယ်ဟေ့ "

လူကြီးတစ်ယောက်မှ စအော်လိုက်တော့ သူတို့တွေလည်း light truck ကားပေါ်တက်လိုက်ကြတယ်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now