အပိုင်း ( ၆၃ )

2.3K 84 10
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 63
~~~~~~~
🎶 အို မြောက်ပိုင်းလမ်း မူဆယ်နမ့်ခမ်းလမ်း
      အို......မြောက်ပိုင်းလမ်း ​🎶

ရှမ်းပြည်သွားရာလမ်းတစ်လျှောက် ရှမ်းသီချင်းသံများဖွင့်ထားရတာ တကယ်ကိုစိတ်လည်းတက်ကြွပြီး ပျော်ဖို့လည်းကောင်းလှသည်

ရှမ်းပြည်ရဲ့အလှအပတွေက တကယ်ကိုပြောလို့မကုန်နိုင်အောင်လှပလွန်းသည်။ ပြတင်းပေါက်ကနေမြင်နေရတဲ့ တောင်တန်းတွေ၊ နေကြာရိုင်းလေးတွေ၊ ချယ်ရီပွင့်တွေနှင့် လက်ဖက်စိုက်ခင်း စိမ်းစိုနေတာတွေကိုကြည့်ရတာ အလွန်နှစ်သက်ဖွယ်ကောင်းလှသည်

" ရှမ်းပြည်က သာယာလိုက်တာနော် "

" ဟုတ်ပါ့ ငါတို့မြန်မာနိုင်ငံထဲမှာလည်း အံ့သြဖွယ်ကောင်းတဲ့နေရာတွေအများသား အဲ့ထဲမှာ ရှမ်းပြည်လည်းတစ်ခုအပါအဝင်ပေါ့ "

" မား...ရှ ရှ "

သူမကိုကြည့်ပြီး လှတယ်လို့ပြောနေတဲ့သားဖြစ်သူကြောင့် မျက်ဝန်းမှာသဘောတကျဖြစ်သွားရပြီး သားရဲ့ပါးဖောင်းဖောင်းလေးကိုဖိကပ်ပြီး နမ်းရှိုက်လိုက်သည်

" ကလေး ကိုကို့ကိုလည်းပေး "

" အဟင်း ကလေးနဲ့အပြိုင်ဆိုးနေတာပဲ "

" ချစ်လို့ပေါ့ဗျ "

" ဟွန့် တအားပိုတာပဲ "

မျက်ဝန်းစကားပြောနေရင်း ပါးကိုအရှေ့တိုးပေးလာတဲ့လူကြီးကြောင့် မျက်ဝန်းလည်းခဏလောက်ရယ်ပြီးမှ ကိုကို့ရဲ့ပါးကိုအနမ်းပေးလိုက်သည်

" အီး....ဂိုး...ဂိုး "

ရှင်းလေးက ကိုကို့ရဲ့ပါးကိုကုတ်ဆွဲပြီး အင်္ဂလိပ်လိုလည်း go go ဆိုပြီးပြောနေတာမို့ မျက်ဝန်းသာမက တစ်ခြားသူတွေပါရယ်မိကြသည်

" ငါတို့ရှင်းလေးက ဘယ်ဆိုးလို့လဲကွ အင်္ဂလိပ်လိုတောင်ပြောနေပြီ "

" အဲ့ဒါ ကာကာသင်ပေးထားရာ "

နေမင်းညိုနဲ့ CEO စိုင်းဇွဲရှိန် ကြားထဲမှာရှိနေတဲ့သမီးဖြစ်သူကလည်း ဂုဏ်ဆာသလိုနဲ့ဝင်ပြောသေးသည်

Express ကားလိုမျိုး ကားအကြီးတစ်စီးထဲမှာ အကုန်လုံးစုပြီးသွားကြတာမို့ ခရီးစဥ်ကသိပ်ကိုပျော်ဖို့ကောင်းသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now