အပိုင်း ( ၂၃ )

3.1K 94 0
                                    

မြေပြန့်သူလေး
--------------------
Part - 23
-------------
" Game ကစားနည်းလေးကတော့ ဟိုဘက်မှာ စိုက်ထားတဲ့အလံကို ရအောင်ယူရမှာဖြစ်ပါတယ်ခင်ဗျ "

အသင်းတစ်သင်းစီမှာ အလံကိုယ်စီရှိကြတာမို့ သူမတို့လုပ်ရမှာက ကြိုးကိုပါအောင်ဆွဲဖို့ပင်

ဒါပေမဲ့လည်း ဒါကတော့တကယ်ကိုမလွယ်တဲ့ပြိုင်ပွဲတစ်ခု

ကစားသမားများလည်း ကြိုးကိုကိုင်လိုက်ကြသည်
နိုင်လွန်ကြိုးကို တင်းနေအောင်ကိုင်ထားပြီး
ဂျာကြီးဆီမှ ဝီစီမှုတ်တာနဲ့ ဆွဲဖို့အသင့်ဖြစ်နေကြသည်

အကုန်လုံးရဲ့မျက်နှာတွေကလည်း စိတ်အားထက်သန်မှုများနဲ့ပြည့်နေသလို ပွဲကြည့်နေတဲ့လူတွေကလည်း ဘယ်သူနိုင်မလဲဆိုတာ သိချင်နေကြသည်

" ပီ...... "

ဂျာကြီးဆီမှ ဝီစီမှုတ်သံကြားလိုက်တာနဲ့ အသင်းတိုင်းကလူတွေက ရှိသမျှအားအကုန်သုံးပြီးဆွဲကြသည်

" ရား....ရား....ရား.... "

" ဆွဲ....ဆွဲ....ဆွဲ..... "

အော်သံတွေကလည်း တစ်ကွင်းလုံးပြည့်နေလျက်

ဝဠာလည်း အားပေးကြမ်းတဲ့ ခွန်းရဲ့ကောင်မလေး သူငယ်ချင်းတွေကိုကြည့်ပြီး ခွီနေရတာ မပြီးတော့ပေ

သူ့အချစ်လေး ချစ်စုရတီကလည်း အားမလိုအားမရနဲ့ ရေဘူးတွေကို တီးနေတာ
ရေဘူးတွေမှာလည်း ပိန်လှီနေလျက်

သွေးကတော့ ဘေးကကောင်​လေးကြောင့်စိတ်ရှုပ်ရမဲ့အစား သူမပါသူတို့ဆီကတက်ကြွမှုတွေခံစားနေရသည်

ကွင်းထဲက ကလေးမကလည်း အရမ်းကိုချစ်ဖို့ကောင်းလှသည် ဒီလောက်ချွေးတွေထွက်နေတာတောင် သူ့ရဲ့မျက်နှာလေးက တစ်ခြားသူတွေလိုရုပ်ပျက်သွားခြင်းမရှိ ပကတိပုလဲရောင်ခနေတဲ့ မျက်နှာလေးကြောင့် ခွန်းက ကြိုက်မည်ဆိုလည်း ကြိုက်ချင်စရာလေးပင်

ဘေးက ကောင်လေးကြောင့် ထိုကလေးမနဲ့ခွန်းက တွဲနေတာ သူမမှာသိရှိသွားရသည်

" ကဲ ကဲ ပြိုင်ပွဲတွေဝင်အတွက် လက်ခုပ်လေးတွေတီးပေးကြပါဦး "

" ဖြောင်း....ဖြောင်း.....ဖြောင်း.... "

အရှေ့ကဂျာကြီးကအော်လိုက်တော့ အနောက်ကနေလက်ခုပ်သံများကလည်း ကွင်းထဲမှာ ကျားဟိန်းသံလို တစ်ခဲနက်ထွက်ပေါ်လို့လာခဲ့သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now