အပိုင်း ( ၅၃ )

2.8K 84 3
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 53
~~~~~~~
" ကိုကို အမျိုးသမီးတွေမှာ အိမ်ထောင်ရေးကံက တကယ်အရေးကြီးတယ်နော် "

" ဟုတ်တာပေါ့ ကလေးရဲ့ "

" တစ်ချို့တွေကျတော့လည်း ကလေးတွေမွေးပြီးမှ နောက်မီးလင်းကြတာတွေက တကယ်မကောင်းဘူးနော် ကြားထဲက ကလေးတွေကမြေစာပင်တွေဖြစ်သွားကြရော "

" ဒါတွေက လူတွေရဲ့စိတ်ပေါ့....အသိတရားရှိတဲ့လူတိုင်း တွေးတောတတ်တယ် ဆင်ခြင်တတ်တယ် အဲ့လိုပြုမူကြတဲ့လူတွေကတော့ အသိတရားမရှိကြလို့ပဲ "

" ကိုကိုကရော အဲ့လိုလုပ်မှာလားဟင် "

" ဒီမှာကလေး ကိုကိုပြောပြမယ် "

ခွန်းလည်း ရင်ခွင်ထဲမှာရှိနေတဲ့ ကလေးကို သူနဲ့မျက်နှာချင်းဆိုင်ရှိစေပြီး ပခုံးနှစ်ဖက်ကိုလည်း ကြင်နာစွာကိုင်ထားပြီး ကလေးရဲ့မျက်လုံးတည့်တည့်ကိုကြည့်ပြီး

" ကိုကိုက ကလေးကိုချစ်လို့ယူထားတာ ကလေးနဲ့ပဲ ကိုကို့ရဲ့ဘဝကိုဖြတ်သန်းသွားချင်လို့ ကလေးမိဘတွေဆီကနေ မြတ်မြတ်နိုးနိုးတောင်းထားခဲ့ရတာ အခုလည်းအဲ့လိုကိစ္စတွေကရှိမှာမဟုတ်သလို နောင်လည်းရှိလာမှာမဟုတ်ဘူးကလေး "

" ဟုတ်ကိုကို.....ကိုကို့ကိုချစ်တယ် "

" ကိုကိုလည်း ချစ်ပါ့ဗျာ "

" ဒါဆိုကြေးအိုးသွားဝယ်စားကြမယ် ကိုကို "

" အဟွန်း....အစားသရဲလေး "

" ကလေးကမစားချင်ပါဘူး ဗိုက်ထဲက ဘေဘီလေးကတောင်းဆိုနေလို့ "

" အဟွန်း.....အတတ်လေး "

" အဟီး "

" အပြင်ထွက်မှာဆိုတော့ အပေါ်ကနေ အနွေးထည်လေးဝတ်ရမယ်နော် "

" ဟုတ် "

ခွန်းလည်း သူကိုယ်တိုင်ပဲအပေါ်ထပ်လေးဝတ်ပေးလိုက်သည်

ဆိုင်ရောက်တော့ ထောင့်ကျတဲ့ဝိုင်းမှာပဲထိုင်ပြီး ကလေးအတွက်က​ကြေးအိုးမှာလိုက်ပြီး သူကတော့ coffee တစ်ခွက်ပင်မှာလိုက်သည်

" ကိုကို  ဟ "

ခွန်းလည်းပါးစပ်ဟလိုက်ရော ကြက်သားဖတ်လေးလာကျွေးတဲ့က​လေးကြောင့် ပြုံးမိလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now