အပိုင်း ( ၆၀ )

2.6K 78 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 60
~~~~~~~
" အိုမို အိုမို ဒီနှစ်ယောက်က ချစ်စရာလေးဟယ် "

" ဟီး ခရေးရေးတွေ အညားရီးပဲနော် မာမီ "

" အဟင်း....ဟုတ်ပါ့ကွယ် အလင်္ကာလေးသဘောကျလား "

" ဟုတ် မာမီ...ဒါနဲ့ရေ အားရုံးကရေ မောင်မောင်ရေးတွေပဲရားဟင် မာမီ "

" ဟုတ်တယ် မီးလေးရဲ့ မပျော်ဘူးလား "

" အဲ့ရိုရဲ ဟုတ်ပါဝူး...ကာကာကြော်ပါရယ်  ဒါပေမဲ့ ကာကာကရေ ကာကာနဲ့အတူတူ ချော့မဲ့ညီမလေး လိုချင်တာ "

" ကြားလားချစ်လေး ကာကာကမိန်းက​လေးလိုချင်တယ်တဲ့ နောက် ၂နှစ် ၃နှစ်လောက်ကြာရင်မွေးပေးကြရအောင် "

" ဟယ် ကိုကြီးရယ်...အဲ့ဒါ ချစ်​လေးတို့နဲ့မဆိုင်ဘူးလေ မျက်ဝန်းနဲ့အကိုခွန်းတို့နဲ့ပဲဆိုင်တာလေ "

သူတို့တွေမှာတော့ အကိုစိုင်းနဲ့စုစုရဲ့စကားကြောင့် ရယ်မောမိလိုက်သည်

" ဝလ္လာနဲ့နှောင်း ကလေးနာမည်ကိုဘယ်လိုပေးထားလဲ "

" မကြီးသူငယ်ချင်းကတော့ မင်းဝလ္လာမြတ်လို့ပေးထားတယ် လူကြီးတွေကလည်းသဘောကျကြတယ် "

" နာမည်လေးကလှသားပဲ "

" စုစုတို့ကရော "

" ငါကတော့ငါ့သားလေးနာမည်ကို စိုင်းမင်းယံထက် လို့ပေးထားတယ် "

" နင်တို့ကလည်းနော် မွေးလိုက်တော့လည်းသားတွေကြီးပဲ...ငါ့တူမလေး တစ်ယောက်တည်းအထီးကျန်နေတော့မှာပဲ "

" ဦးသူကလည်း ချယ်လေးရှိသားပဲ ကာကာလေးအထီးမကျန်ပါဘူး "

ကောင်းမြတ်သူကို မျက်စောင်းထိုးပြီးပြောလိုက်တဲ့ချယ်လေးကြောင့် သူတို့တွေလည်းသဘောတကျရယ်မိသွားသည်

" အဟက် ဟုတ်ပါပြီကွာ ဦးမှားတာပါ "

" ချယ်လေးနဲ့မီးလေး ဗိုက်ဆာကြပြီလား "

" ဆာပြီ ဦးဦး "

" မဆာတေးဝူး ဒယ်ဒီ "

" ဒါဆိုချယ်လေးကို ငါပဲစုစုတို့ဆိုင်ဘက်ခေါ်သွားလိုက်မယ် "

" ဟုတ်ပြီ ညီ "

" ကဲ ချယ်လေး ဦးနဲ့လိုက်မယ်မလား "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now