အပိုင်း ( ၅ )

5.2K 119 0
                                    

မြေပြန့်သူလေး
-------------------
Part - 5
----------
"'' ဘုရားရေ ငါ ငါ သရဲခြောက်ခံနေရတာလား "''

သူမလည်း မျက်ရည်များဝဲလာပြီး အနောက်ကိုဖြေးဖြေးချင်းလှည့်လိုက်တော့ မြင်လိုက်ရတဲ့ ပုံသဏ္ဍာန်ကြောင့် အံ့သြသွားမိသည်

" ဒါ ဒါ ဒါကြီးက အစစ်ကြီးလား "

သူမရှေ့မှာ သူမကိုပြုံးပြနေတဲ့ ချောမောခန့်ညားလွန်းနေတဲ့ ယောကျ်ားပျိုတစ်ဦးကြောင့် အာမေဋိတ်အသံတစ်သံထွက်ပေါ်မိသည်

" မင်း ကြည့်လို့ပြီးဦးမှာလား "

မျက်ဝန်းလည်း ထိုအခါမှသတိဝင်လာပြီး မျက်လွှာချလိုက်မိသည်

" ဘာလို့ ငါ့ခြံထဲကိုဝင်လာတာလဲ "

" ဟင် ဒါကရှင့်ခြံလား "

ခေါင်းလေးပြန်မော့ပြီး မျက်ဝန်းဝိုင်းဝိုင်းလေးများနဲ့ တအံ့တသြပြောနေတဲ့ ကောင်မလေးကြောင့် သူလည်းမျက်ခုံးပင့်မိသွားသည်

" ဒါဆို မင်းက ဘယ်သူ့ခြံလို့ထင်လို့လဲ "

" ဟို မျက်ဝန်းကြားမိတာတော့ ဒီခြံက တောင်ကြီးက ဇနီးမောင်နှံ ၂ဦးပိုင်တယ်လို့ ကြားရလို့ "

" နောက်ထပ်ရောမကြားမိဘူးလား ခွင့်တောင်းပြီးမှဝင်လို့ရတယ်ဆိုတာ "

" ဟို ကြား ကြားမိပါတယ် ဒါပေမဲ့ မျက်ဝန်းက နောက်ထပ် ၂ရက်ဆို ပြန်ရမှာမို့ လမ်းကြုံတာနဲ့ဝင်လိုက်မိတာပါ "

" ဆင်ခြေအပေးကောင်းတယ်နော် "

ခနဲ့သလိုလိုလာပြောတဲ့အရှေ့ကလူကြောင့် ပုန်းလျှိုးနေတဲ့ မခံချင်စိတ်ကဝင်လာရသည်

" ​ကျွန်မကို စစ်လားဆေးလားလုပ်နေတဲ့ရှင်ကရော ဘယ်သူမို့လို့လဲ ဒီခြံနဲ့ရောဘာသက်ဆိုင်နေလို့လဲ "

ခါးထောက်ပြီးခပ်ဆတ်ဆတ်လေးပြန်ပြောလာတဲ့ ကောင်မလေးကြောင့် သူလည်းရယ်လိုက်မိသည်

သဘောကျလို့ရယ်တဲ့အပြုံးတော့မဟုတ်ခဲ့

" အဟက် ငါက အဲ့ဇနီးမောင်နှံရဲ့သားပဲလေ ဒီလောက်ဆို ငါကဒီခြံနဲ့သက်ဆိုင်လား မသက်ဆိုင်လားဆိုတာ သဘောပေါက်လောက်ပြီပေါ့ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now