အပိုင်း ( ၃၁ )

3.4K 103 6
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 31
~~~~~~~
စဝ်ခွန်မှိုင်းခ သူ့ရဲ့အလုပ်ကိစ္စတွေအကုန်အဆင်ပြေသွားလို့ သူမလေးရှိတဲ့ရန်ကုန်ကိုတစ်ယောက်ထဲ ဆင်းလာခဲ့သည်။

စိုင်းထက်ဝဠာကလည်း လေဆိပ်မှာလာကြိုပေးတာမို့ အဆင်ပြေသည်​ပြောရမည်

ချက်ချင်းဆိုသလို လေဆိပ်ကနေ သူမလေးရှိတဲ့ဆေးရုံကိုလိုက်လာခဲ့တာမို့ ပင်ပန်းတယ်လို့လည်းမထင်မိ လွမ်းတဲ့စိတ်ကသာကြီးစိုးနေသည်

ဝဠာကတော့ လက်ဗလာနဲ့လူနာမေးရမှာမကောင်းတာမို့ သူ့ကိုဆေးရုံမှာချပေးပြီးတာနဲ့ အနီးအနားက Center တစ်ခုမှာ ပစ္စည်းဝင်ဝယ်မှာမို့ သူတစ်ယောက်တည်းသာဝင်လာခဲ့သည်

ဒါပေမယ့် နှလုံးသားကိုမီးနဲ့မြှိုက်သလိုပဲ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကိုနာကျင်စေသည်

သူချစ်ရတဲ့ကလေးလေးက တစ်ခြားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာရှိနေပြီး သူမလေးရဲ့မိဘတွေရော သူငယ်ချင်းတွေရော တစ်ခြားသူတွေကပါ သူတို့နှစ်ယောက်ကိုပြုံးပြီးကြည့်နေကြတဲ့မြင်ကွင်းက သူ့ခြေလှမ်းတွေကို နောက်ပြန်လှည့်စေအောင်စွမ်းဆောင်နိုင်သည်

" ဟေ့ကောင်ခွန်း ဘာလို့ပြန်ထွက်လာတာလဲ "

" အမ် ဟိုတယ်ကဖုန်းလှမ်းဆက်လို့ "

" ဟမ် ရန်ကုန်က ဟိုတယ်လား "

" အင်း "

" အဲ့ဒါက မင်းနဲ့မပတ်သက်တော့ဘူးမလား "

" ငါဟိုနေ့ကပဲ စာချုပ်ထပ်ချုပ်ဖို့ပြောထားတယ် "

" Wtf "

" လာကွာ ငါ့ကိုကားမောင်းပို့ပေး "

ဝဠာ့မှာလက်ထဲကပစ္စည်းတွေကို Reception ကနေတစ်ဆင့်ပေးခိုင်းလိုက်ပြီး သူကတော့ ခွန်းကို ကားမောင်းပို့ပေးရသည်

" မင်းကောင်မလေးနဲ့တွေ့ခဲ့လား "

" အဲ့ကိုတောင်မရောက်ခဲ့လိုက်ဘူး ဥက္ကဌကြီးအခုပဲရောက်တယ်ဖုန်းဆက်လို့ အချိန်စွဲလို့မကောင်းတာနဲ့ ချက်ချင်းပဲလာခဲ့လိုက်တာ "

" အခုမှ အရင်က ခွန်းကို ပြန်တွေ့လိုက်ရသလိုပဲ "

" အဟက် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now