အပိုင်း ( ၅၅ )

2.7K 77 0
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 55
~~~~~~~
ဒီနေ့ကတော့ သမီးလေးရဲ့ ကင်ပွန်းတပ်ပွဲရော ၊ ရက် ၁၀​၀ပြည့်ပါတစ်ခါတည်းလုပ်တာမို့ မျက်ဝန်းတို့အိမ်မှာ ကိုကိုတို့ရှမ်းပြည်ကအမျိုးတွေရော မျက်ဝန်းတို့ရဲ့သမုဒယရပ်ကွက်က လူတွေပါ အကုန်ရောက်နေကြသည်

သမီးလေးကတော့ လူကြီးတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းချီနေတာမို့ မျက်နှာကငိုမဲ့မဲ့လေးဖြစ်နေလေရဲ့

" သမီးရေ ဒီမှာ မြေးငယ်လေးကိုလာခေါ်ပါဦးကွယ် "

ကိုကို့မေမေက ဧည့်သည်တွေနဲ့စကားလက်ဆုံကျရာကနေ မျက်ဝန်းကိုခေါ်လိုက်တာမို့ မျက်ဝန်းလည်းအမြန်သွားလိုက်သည်

" မြေးလေးက ငိုမဲ့မဲ့ဖြစ်နေပြီ "

" ဟုတ် မေမေ "

မျက်ဝန်းလည်း သမီးလေးကိုမေမေ့လက်ထဲကနေ ပွေ့လိုက်ပြီး သူမတို့အခန်းရှိရာအပေါ်ထပ်ကိုတက်သွားလိုက်သည်

ခွန်းလည်း ကလေးက သမီးလေးကိုချီပြီးအပေါ်ကိုတက်သွားတာမို့ သူပါလိုက်တက်သွားလိုက်သည်

အခန်းတံခါးကိုဖွင့်လိုက်တော့ကုတင်ပေါ်မှာ သမီးလေးကိုနို့တိုက်နေတာမို့ ခွန်းလည်းကုတင်အောက်မှာဒူးထောက်ထိုင်ချလိုက်ပြီး နို့စို့နေတဲ့သမီးလေးကိုမြတ်နိုးစိတ်အပြည့်နဲ့ ကြည့်နေလိုက်သည်

" ကိုကို အပေါ်မှာထိုင်လေ "

" နေနေကလေး ကိုကိုဒီမှာပဲထိုင်လိုက်မယ် "

" ဟုတ် ကိုကို "

ဒီနေ့မှကိုကိုက အကျီလက်ရှည်အဖြူကို ပုဆိုးနဲ့တွဲဝတ်ထားတာမို့ ကိုကို့ရဲ့ပုံစံက ရှင်းသန့်ပြီးခန့်ညားလွန်းနေသည်

ခဏနေတော့ကိုကိုက သူမရဲ့ဘေးမှာလာထိုင်ပြီး သူမရဲ့ပခုံးကိုလာဖက်လေသည်

" ကလေးကိုကျေးဇူးတင်ပါတယ် "

" ဟင် ဘာလို့လဲကိုကို "

" ကိုကို့ကိုဒီလိုမျိုးချစ်ဖို့ကောင်းတဲ့သမီးလေးကိုမွေးပေးလို့ "

" အဟင်း....ဒါဆိုညကျဟော့ပေါ့လိုက်ကျွေး "

" ဟုတ်ပါပြီဗျာ ကိုကိုလိုက်ကျွေးမယ် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now