အပိုင်း ( ၃၆ )

3.3K 105 7
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 36
~~~~~~~
" ညီ ခဏနော် အရေးကြီးတဲ့ဖုန်းမို့လို့ "

" ဟုတ်ကဲ့ ရပါတယ်ဗျ "

ခွန်းလည်း Screen ထက်မှာပေါ်နေတဲ့ 'ကလေး' ဆိုတဲ့ အဝင် call လေးတစ်ခုကြောင့် ​ခြေဖျားလက်ဖျားများပင် အေးစက်နေသည်

ဒီအဝင် call လေးပျောက်သွားတာ လပင်ချီနေပြီမလား

" ဟယ်လို ကလေး "

" ၄ထပ်​မြှောက်က အစားအသောက်တန်းဘက်ကိုခဏလာခဲ့ပေးပါလား ပြသနာလေးပေါ်လာလို့ "

" ဘာ ဘာဖြစ်..... "

သူ့စကားပင်မဆုံးသေး ဖုန်းချသွားတဲ့ ကလေးလေးကြောင့် သူ့မှာဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ ကလေးဆီကိုအပြေးတစ်ပိုင်းလိုက်သွားရပြန်သည်

CEO မင်းညှို့သျှင် ကလည်း သူ့ center မှာ ဘာပြသနာဖြစ်လဲသိချင်လို့ သူနဲ့အတူတူလိုက်ခဲ့လေသည်

ထို့နောက်မြင်လိုက်ရတဲ့အရာက စဝ်ခွန်မှိုင်းခ ဆိုတဲ့ သူ့ရဲ့ဒေါသကိုမြင့်တင်ပေးလိုက်သလို ​ခြေလှမ်းကျဲကြီးများနှင့် ကလေးရဲ့အနားကိုအမြန်သွားလိုက်သည်

" မင်း ဒါဘာလုပ်တာလဲ "

" ဟင် Boss "

နေခြည်လည်း Boss ကို မြင်လိုက်ရတာမို့
အထိတ်တလန့်ပင်ဖြစ်သွားရသည်

နေခြည်ရန်ကုန်က အဒေါ်ဆီခဏတစ်ဖြုတ်လာလည်ရင်း Star light Center က ဖွင့်ထားတာမကြာသေးပေမယ့် နာမည်ကြီးနေတာမို့ လာခြင်းဖြစ်ပြီး ရုတ်တရက် Boss ရဲ့ကောင်မလေးကိုတွေ့လိုက်ရတာမို့ မကောင်းတဲ့အကြံကဖြတ်ခနဲဆိုသလိုရသွားပြီး အခုလိုလုပ်လိုက်ခြင်းပင်

အခုက သူမဘဝကတော့ ဘာတွေဆက်ဖြစ်လာမှန်းခန့်မှန်းလို့မရတော့ပေ

အရင်တစ်ခါကလည်း သူမကိုမှင်နီတားလိုက်သေးသည်

" ဦးဦး "

ချယ်လေးက သူ့ကိုမြင်တာနဲ့ ဦးဦးလို့ခေါ်ပြီး ပြေးလာတာမို့ သူလည်းဦးခေါင်းလေးကို ချစ်စနိုးလေးဖွလိုက်သည်

"ကိုကို ...... ကိုကို့ရဲ့ black card ကလေးကိုပေး"

သူ့ကိုရုတ်တရက် ကိုကိုလို့လာခေါ်ပြီး black card ပါတောင်းနေတာမို့ အာစေးမိနေသူလို ဘာမှပင်ပြန်မပြောနိုင်ဘဲ ထုတ်ပေးလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now