အပိုင်း ( ၁၅ )

4.5K 116 2
                                    

မြေပြန့်သူလေး
-------------------
Part - 15
------------
" ဒေါက် ဒေါက် ဒေါက် "

ခွန်းလည်း တံခါးဖွင့်သံကြားလို့ ဖွင့်လိုက်တော့ မျက်ဝန်း ဖြစ်နေတာကြောင့် အံ့သြသွားမိသည်

" ဟင် ဘာဖြစ်လို့လဲ "

" ဟို ဟိုလေ မျက်ဝန်း တစ်ယောက်တည်းမအိပ်ရဲလို့ "

" ဟင် "

" သ သရဲကြောက်လို့ "

" အဟားဟား.... ဒီမှာ သရဲမရှိပါဘူးကွ "

" CEO အခန်းထဲမှာ အိပ်လို့ရမလားဟင် မျက်ဝန်း ဆိုဖာမှာပဲအိပ်မယ်လေနော် "

ချစ်စဖွယ်မျက်နှာလေးနဲ့ ပြောနေတဲ့ ကလေးမကြောင့် ခွန်းလည်း ခွင့်ပြုပေးလိုက်သည်

" အဟီး ကျေးဇူးတင်ပါတယ်နော် "

" ဆိုဖာမှာ အိပ်လို့အဆင်ပြေပါ့မလား "

" ဟုတ် ပြေတယ် CEO ရဲ့ မျက်ဝန်းခန္ဓာကိုယ်က သေးတော့ ဆံ့ပါတယ် "

ဒီကလေးမကတော့ သူ့နေရာမှာ တစ်ခြားသူသာဆို ဘယ်လိုလုပ်မလဲ အယုံလွယ်လိုက်တာ

" Good night နော် CEO "

" အင်းအင်း Good night "

ခွန်းလည်း သူ့အိပ်ယာသူပြန်သွားလိုက်ပြီး ကုတင်ပေါ်လှဲကာ ကလေးမလေးလှဲနေတဲ့ ဆိုဖာပေါ်ကိုပဲ ကြည့်နေလိုက်သည်

စိတ်ထဲမှာတော့ အတွေးတွေက နယ်ချဲ့နေလျက်
_
_
_
_

" ဂင်ချီဟင်းရည်တစ်ပွဲနဲ့ ထမင်းသုပ်တစ်ပွဲချပေးပါ "

စုစု ဆိုင်ထဲမှာ စာအုပ်ထိုင်ဖတ်နေရင်း ယောက်ျားပီသတဲ့အသံတစ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဟိုလူကြီးပင်

ဝဠာလည်း သူ့ကိုနောက်ကျောပေးပြီး စာအုပ်ထိုင်ဖတ်နေတဲ့ ကလေးမက လှည့်ကြည့်တာမို့ ပြုံးပြလိုက်သည်

ပြီးတော့ အရှေ့ကိုခပ်တည်တည်လေးပြန်လှည့်သွားတဲ့ကလေးမကြောင့် သူ့မှာဆက်ပဲပြုံးရတော့မလို မပြုံးရတော့မလိုလိုနဲ့ ဝေခွဲမရပင်ဖြစ်သွားရသည်

နောက်မှ ဖုန်းကိုထုတ်လိုက်ပြီး active now ပြ​နေတဲ့ ကလေးမရဲ့ acc ကို စာပို့လိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now