အပိုင်း ( ၂၂ )

3.6K 77 2
                                    

မြေပြန့်သူလေး
--------------------
Part - 22
-------------
" ရဝေ ခုနကကောင်မလေးက ဘယ်သူလဲ "

" စာရင်းဌာနကပါ မနန်း "

" ဘယ်အထပ်လဲ "

" ၈ထပ်မှာပါ "

" အိုခေ "

ရဝေလည်း ဆေးမိနေတဲ့သူလို မနန်းမေးသမျှကို တစ်ခွန်းမကျန်အကုန်ဖြေလိုက်သည်

အဲ့လောက်တောင် မနန်းရဲ့အလှက သူ့ကိုဆွဲဆောင်၏

သွေးကတော့ ချက်ချင်းဆိုသလိုပဲ ၈ထပ်​မြှောက်ကိုသွားလိုက်သည်

" ဟဲ့ ဟဲ့ Reception ကပြောတာက ဒီအမထင်တယ် "

" အေး ငါလည်းအဲ့လိုပဲထင်တယ် ဂါဝန်အဝါရောင်ဝတ်ထားပြီး အရပ်လည်းရှည်တယ်ဆိုတော့ မမှားလောက်ပါဘူး "

သွေးကတော့ စကားသံတွေကိုလျစ်လျူရှုစွာ ကောင်မ​လေးကိုသာလိုက်ရှာနေမိသည်

ကြားရတဲ့သတင်းတွေအရဆို ခွန်းရဲ့ကောင်မလေးပဲနေမှာ

သိပ်ပြီးအကြာကြီးမရှာလိုက်ရပါ အခန်းတစ်ခုထဲမှာ စာရင်းတွေလုပ်နေတဲ့ ကောင်မလေးကိုတွေ့လိုက်ရသည်

ဒီကအခန်းတွေက မှန်နဲ့ပဲကာထားတာမို့ ဘာလုပ်လုပ်ရှင်းရှင်းလင်းလင်းမြင်ရသည် meeting ရှိမှသာ လိုက်ကာ ဆွဲချလိုက်တာဖြစ်သည်

သွေးလည်း အနှီကောင်မ​လေးကို ခဏလောက်စူးစိုက်ကြည့်ပြီးတာနဲ့ထွက်လာခဲ့လိုက်သည်

"' အင်း....ငါ့ဘက်က သေချာအောင်စုံစမ်းဦးမှ '''

" မျက်ဝန်း ခုနကနင့်ကို အမတစ်ယောက်က
ကြည့်သွားတာသိလား "

မျက်ဝန်းလည်း စာရင်းတွေလုပ်နေရာကနေ စကားလာပြောတာမို့ မော့ကြည့်လိုက်ရသည်

" ဘယ်အမလဲ "

" မသိဘူးဟ reception ကတော့ CEO ကောင်မလေးလို့ပြောတာပဲ "

" ဘာ "

မျက်ဝန်းအသံကျယ်သွားလို့ထင်ပါရဲ့ သူမတို့ ၈လွှာကလူတွေအကုန်လုံး သူမကိုလှည့်ကြည့်လာလေသည်

" အမ် ဆော ဆောရီး
မျက်ဝန်း toilet သွားချင်လာလို့ အဟီး "

သူမလည်း နေရာကနေအမြန်ထွက်လာပြီး ၁၀ထပ်ကိုသွားဖို့ပြင်လိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now