Special Part - 3

2.2K 78 18
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Special Part - 3
~~~~~~~~~~~~~
ကောင်းမြတ်သူကတော့ ရေချိုးနေရင်း ခုနကအခြေအနေကိုပြန်တွေးကြည့်လိုက်တော့ စိတ်ထဲမယိုးမရွဖြစ်လာတော့၏

သူ့ရင်ခွင်ထဲကိုအတင်းဝင်ပြီး အာဘွားတောင်းနေတဲ့ချယ်လေးက တကယ့်ကိုကလေးတစ်ယောက်နှင့်ပင် တူနေတော့၏

" ဦးသူ့လို့ "

" အင်း ပြောလေ ချယ်လေး "

" အာဘွားပေးပါဆိုနေမှပဲ "

သူမရဲ့အသံလေးက သူ့ရဲ့နားထဲမှာတော့ ဘယ်လိုလေးမှန်းမသိအောင်ကို ခပ်ချွဲချွဲလေးနှင့် နားထောင်လို့ကောင်းလှ၏

" အရင်ဆုံး ကိုယ်ရေချိုးလိုက်ဦးမယ် "

" morning kiss လေ ဦးသူ့ကလည်း "

သူ့ရင်ခွင်ထဲကနေ မျက်နှာလေးမော့ပြီး သူ့ကိုစကားပြောနေတဲ့နှုတ်ခမ်းလေးတွေက သိပ်ကိုစွဲမက်ဖွယ်ကောင်းလှသည်

သူလည်း ထိုမျက်လုံး ထိုနှုတ်ခမ်းပါးများနှင့် ထိုအကြည့်များကိုသည်းမခံနိုင်တော့စွာ ပါးပြင်နုနုထက်ကို အနမ်းတစ်ပွင့်ခြွေချလိုက်ပြီး ရေချိုးခန်းထဲကို အမြန်ပြေးဝင်ခဲ့တော့သည်

ချယ်ကတော့ ရှက်သွားတဲ့ဦးသူ့ရဲ့ပုံစံကိုကြည့်ပြီး အသံထွက်အောင်ပင် ရယ်မိလိုက်တော့သည်
_
_
_
_
" ဦးဦးရေ ချယ့်ကို မုန့်ဖိုးပေးဦး "

" ချယ်လေးမှာ မုန့်ဖိုးတွေရှိသေးတယ်မလား "

" ရှိသေးပေမယ့်လည်း ဦးဦးပေးတာလိုချင်လို့ပေါ့ "

" ဦးဦး k pay ကနေ လွှဲလိုက်မယ် "

" ဟီး အဲ့ဒါကြောင့်ဦးဦးကိုချစ်နေရတာ "

သူ့ကိုလာဖက်ပြီးချွဲနေတဲ့ချယ်လေးကြောင့် ခွန်းလည်း ချယ်လေးရဲ့ ခေါင်းလေးကိုဖွဖွလေးပွတ်သပ်လိုက်သည်

" ဒါနဲ့လေ ဦးဦး ချယ့်ကိုလေ စက်ဘီးစီးတာသင်ပေးပါလား "

" ဦးဦးက ညဘက်ပဲအားတော့ ညဘက်မှပဲသင်ပေးနိုင်မှာ မီးလေး "

" ဒါဆို ဦးသူ့ကိုသင်ခိုင်းလိုက်မယ်လေ ဦးဦး "

" တီလေး သူငယ်ချင်းနာမည်များကြားလိုက်သလားလို့ "

မြေပြန့်သူလေး ( Complete  ) Donde viven las historias. Descúbrelo ahora