အပိုင်း ( ၁၀ )

4.5K 110 2
                                    

မြေပြန့်သူလေး
-------------------
Part - 10
-------------
" ကောင်းမြတ်သူရေ မပြီးသေးဘူးလားဟ "

" ခဏလေးဟ ပြီးခါနီးပြီ "

" မင်းတို့သူငယ်ချင်းက အဲ့အတိုင်းပဲ စောစောထပါဆိုမထဘူး အခုကျသူ့မှာမပြီးနိုင်မစီးနိုင် "

" ပြောမနေပါနဲ့တော့ အန်တီရာ ခုနကလည်း ဟို ၂ယောက်စီသွားတာ မပြီးသေးဘူးတဲ့ "

အာကာဇော်နဲ့ဝလ္လာမှာ နောက်ကျမှာစိုးလို့ အစောကြီးသွားမယ်ပြောထားတာတောင် နောက်ကျဖြစ်အောင်ကျလိုက်သေးသည်
အဲ့လောက်တောင် အချိန်လေးစားတဲ့သူတွေ

"ရပြီ သွားမယ်ကွ "

" သူတောင်းစား တော်သေးတယ် ထွက်လာသေးလို့ "

" အဟဲ မင်းတို့ကလည်းကွာ အိပ်ယာထနောက်ကျသွားလို့ အကိုသုခရော "

" သူက မနက်အစောကြီး ကတည်းက အကုန်ပြီးပြီ ခုလောက်ဆိုခေါက်ဆွဲဆိုင်ရှေ့မှာနေမှာပေါ့ "

" ငါကတော့ ပါဆယ်ပဲဆွဲသွားတော့မယ် "

" လာသွားကြမယ် မင်းအကျီကော်လံကို သေချာခေါက်ဦး "

" အေး အေး "

သူတို့ ၃ယောက်လည်း အကုန်ပြင်ဆင်ပြီးတာနဲ့
စုစုတို့ဆိုင်ကိုထွက်လာခဲ့လိုက်သည်

ဟိုရောက်တော့ မယ်မင်းကြီးမ ၂ယောက်ကို တောင်းပန်ရ​သေးသည်

" ငါ့အကိုရော "

" အကိုသုခက သွားပြီ အဲ့ဒါနဲ့ငါလည်း နှောင်းကိုထည့်ပေးလိုက်တယ် "

" ဒါဆိုသွားကြမယ်လေ  ​စက်ဘီး ဘီးတွေသေချာစစ်ဦးနော် "

" အေးပါဟ သိပါတယ် အကုန်ပြီးပြီ လူပဲသွားဖို့ကျန်တော့တယ် "

" ဒါဆိုလည်း သွားကြမယ်
ဒါနဲ့ ငါအရမ်းလှနေတယ်မလား "

မျက်တောင်ကိုပုတ်ခတ် ပုတ်ခတ်လုပ်ပြီး မေးနေတဲ့ မျက်ဝန်းကြောင့် သူတို့ ၄ယောက်လည်း မအီမသာနဲ့ ခေါင်းညိတ်ပြလိုက်တယ်

" ဘာဖြစ်နေတာလဲ နင်တို့ရုပ်တွေက
အော်.....ငါလှတာကိုမနာလိုနေတာမလား "

" အော့ ဖြစ်ရဦးမယ် ငါ့လိုစော်ကြည်ဘဲဖြစ်အောင်အရင်လုပ်ဦး "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now