အပိုင်း ( ၃၉ )

3K 100 8
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 39
~~~~~~~
" ကိုကို မမနန်းသွေးချယ်က ဒီနေ့ညနေပဲလက်ထပ်တော့မှာဆို "

အလောတကြီးနဲ့သူ့အခန်းထဲပြေးဝင်လာပြီးမေးလာတဲ့ ကလေးကြောင့် သူလည်းခဏလောက်ကြောင်သွားပေမယ့် ပြီးမှခေါင်းညိတ်ပြလိုက်သည်

" ညနေ ကန်တော်ကြီးမှာ မင်္ဂလာဆောင်မှာကလေး "

" ခုနက မမနန်းသွေးချယ်က ကလေးကိုလှမ်းဖိတ်လို့ "

" ကိုကို့ကိုလည်းပြောထားသေးတယ် ကလေးကိုပါခေါ်လာခဲ့ဖို့ "

" ဒါပေမယ့် ရုတ်တရက်ကြီးနော်လက်ထပ်တာက "

" မိဘတွေသဘောတူလို့ယူလိုက်ကြတာ
သူတို့နှစ်ဦးက လွန်ခဲ့တဲ့ ၅ရက်ကလည်းရှမ်းပြည်မှာပွဲလုပ်ပြီးပြီ အခုသူ့ရဲ့အမျိုးသားကရန်ကုန်ကဆိုတော့ ရန်ကုန်မှာပွဲတစ်ပွဲထပ်လုပ်ကြတာ "

" တောင်ပေါ်ကလူတွေကလည်း မြေပြန့်ကလူတွေနဲ့ပဲဖူးစာပါတာလားမသိဘူးနော်ကိုကို "

" ဟုတ်ပါ့ဗျာ ကိုကိုဆိုလည်း ဒီကမြေပြန့်သူလေးဆီမှာကျရှုံးသွားတာပဲလေ "

အပြုံးလေးနဲ့ဆိုလာတဲ့ကိုကို့ကြောင့် မျက်ဝန်းမှာ ရှက်သွေးဖြာသွားရသည်

" ဒါ ဒါဆိုသွားတော့မယ် ဟိုမှာယသုံကလည်း
ကြည့်နေပြီ "

အတွင်းရေးမှူးနေရာနဲ့ကိုကို့နေရာနဲ့က မှန်ပဲကာထားတာမို့ လှမ်းကြည့်ရင်မြင်နေရသည်

ဒါပေမယ့် ဧည့်သည်လာရင်တော့ ကိုကိုက လိုက်ကာနဲ့ကာထားတတ်သည်

" မင်္ဂလာပွဲက ၅နာရီဆိုတော့ ကိုကို ကလေးကို ၃နာရီလောက် အလှပြင်တဲ့ဆီပို့ပေးမယ်နော် "

" ဟုတ် "

မျက်ဝန်းမှာပြောပြီးတာနဲ့တန်းထွက်လာခဲ့ရသည်
မဟုတ်ရင် ယသုံဝင့်ရည်မျက်လုံးကြီးက အထဲကိုရောက်လာတော့မည်

" နင်နဲ့ ဥက္ကဌနဲ့ဘာတွေပြောနေကြတာလဲ "

နေရာကိုပြန်ရောက်ရောက်ချင်းအမေးခံရတာက ထိုသို့ပင်

" စာရင်းကိစ္စတွေလေ "

" သြော် ဥက္ကဌကပြုံးနေလို့ "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now