အပိုင်း ( ၃၇ )

3.3K 93 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 37
~~~~~~~
မျက်ဝန်းမှာတော့ တံခါးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့အိပ်ယာကြောင့် မျက်လုံးပင်ပြူးပြီး အာမေဋိတ်သံပါထွက်သွားရသည်

" ဟင် ဒီအိပ်ယာပေါ်မှာတူတူအိပ်ရမှာလား "

" ဘာဖြစ်လို့လဲဟင် တီတီလေး "

" အိပ်ယာကသေးသလားလို့ ပြောတော့ Family room လည်းပြောသေးတယ် အခုက ၂ယောက်လောက်ပဲဆံ့တာ "

" မီးမီးနဲ့တီလေးရဲ့ခန္ဓာကိုယ်က သေးသေးလေးတွေဆိုတော့ဆံ့ပါတယ် တီတီရဲ့ "

" အဆင်မပြေရင် ကိုယ်အောက်မှာဆင်းအိပ်ပေးမယ် "

" ပြေ ပြေပါတယ် "

ကုမ္ပဏီတစ်ခုက CEO ကို အောက်မှာဆင်းအိပ်ခိုင်းဖို့မကောင်းသလို ပြီးတော့မျက်ဝန်းရဲ့ကိုကိုမလား

" ဒါဆို ကိုယ်အရင်ရေချိုးလိုက်ဦးမယ် "

" ဟုတ် "

မျက်ဝန်းမှာတော့ သူရေချိုးခန်းဝင်နေတဲ့အတွင်းအိမ်ကိုအကျိုးအကြောင်းလှမ်းပြောရသေးသည်

family room ထဲမှာအတူတူတည်းတာကိုတော့မပြောတော့ဘဲ အနီးအနားကဟိုတယ်တစ်ခုမှာလို့ပြောလိုက်ရသည်

သူရေချိုးပြီးတော့ မျက်ဝန်းနဲ့ချယ်လေးလည်း အတူတူချိုးလိုက်ပြီး reception ကနေ တစ်ခါထဲဝယ်လာခဲ့တဲ့ အဝတ်အစားတွေကိုလဲလိုက်သည်

ရေချိုးပြီးတာနဲ့ သက်သောင့်သက်သာရှိသွားတာမို့ မျက်လုံးကမှေးစင်းလာရသည်

" ဦးဦးနဲ့တီလေး မီးမီးက နံရံဘေးမှာအိပ်မှာနော် "

" ဟင် မရဘူးလေ ချယ်လေးရဲ့ တီတီက နံရံဘေးမှာအိပ်မှရမှာလေ "

" ဦးဦး "

တီလေးဖြစ်သူကိုပြောလို့မရတော့ သူ့ဘက်လှည့်လာပုံပင်

" ချယ်လေးက သိတတ်စအရွယ်ကတည်းက မိဘတွေနဲ့အိပ်ပြီဆို ဘယ်တော့မှအလယ်မှာမအိပ်ဘဲ နံရံဘေးမှာပဲကပ်ပြီးအိပ်တတ်တာ
ဟိုရက်တွေလည်း ကလေးတွေ့မှာပေါ့ ချယ်လေးက နံရံဘေးမှာပဲအိပ်တယ်ဆိုတာ "

" ဒါပေမယ့် မျက်ဝန်းကအလယ်မှာအိပ်ရင်မသင့်တော်ဘူးလေ "

" ကိုယ့်ကိုမယုံတာလား "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now