အပိုင်း ( ၁၄ )

4.4K 116 10
                                    

မြေပြန့်သူလေး
--------------------
Part - 14
-------------
"'' ဟင်း....ငါတော့ စိတ်ညစ်တာပါပဲ အရင်ကမချေမငံဆက်ဆံခဲ့တာတွေအတွက် အခုမှစာရင်းတွေနဲ့သတ်နေသလိုပဲ "''

မျက်ဝန်းမှာ ၇နာရီထိုးတဲ့ထိ မပြန်သေးဘဲ စာရင်းတွေလုပ်နေရသည် ရုံးဆင်းခါနီးမှထပ်လာပေးတဲ့ file တွေကလည်း အထပ်လိုက်

ဟွန့် crush ဆို ဘယ် crush မှမကောင်းဘူး

" ဟင် မင်းမပြန်သေးဘူးလား "

" အယ် ရှင်ကရော ဟို CEO ကရော မပြန်သေးဘူးလား "

" အင်း မင်းကရော "

" တစ်စုံတစ်ယောက်က စာရင်းတွေလုပ်ခိုင်းထားလို့လေ လုပ်နေရတာ "

မျက်နှာလေးမဲ့ရွဲ့ပြီးပြောနေတဲ့ ကောင်မလေးကြောင့် ခွန်းလည်း ပြုံးလိုက်မိသည်

" နောက်နေ့မှဆက်လုပ်လေကွာ အခုပြန်တော့ နောက်တောင်ကျနေပြီ "

" အမ် ရတယ် ရတယ် ဒီလုပ်လက်စလေးပြီးမှပဲ ပြန်တော့မယ် "

" ကောင်းပြီဗျာ ဒါဆိုလည်းလုပ်လေ "

အဲ့လိုပြောပြီး သူမဘေးကခုံမှာ ဝင်ထိုင်တဲ့ လူကြီးကြောင့် မျက်ခုံးပင့်မိသွားသည်

" CEO က မပြန်ဘူးလား "

" မင်းလုပ်တာထိုင်ကြည့်နေမယ်လေ အခြေအနေဘယ်လိုလဲဆိုတာ သိရတာပေါ့ "

" ဟင် အဲ့လိုကြီးကျ "

" ဘာပြသနာရှိလို့လဲ "

" ဟင် ဟင့်အင်း "

မျက်ဝန်းလည်း အလုပ်သာလုပ်နေရတာ စာရင်းကိုမကြည့်ဘဲ သူမကိုပဲစိုက်ကြည့်နေတဲ့လူကြီးကြောင့် အတတ်နိုင်ဆုံး စာရင်းတွေမမှားအောင်လုပ်နေရသည်

"'' မဟုတ်မှ ဒီလူကြီး ငါ့များကြိုက်နေတာလား "''

အတွေးနဲ့အတူ ဖြတ်ခနဲလှည့်ကြည့်လိုက်တော့ သူ့ဖုန်းသူကြည့်နေတဲ့ CEO ကြောင့် မဟုတ်လောက်ပါဘူး လေဟုတွေးပြီး စာရင်းပဲပြန်လုပ်နေလိုက်သည်

၇နာရီခွဲလောက်ကျ အကုန်ပြီးသွားတာမို့ အကြောဆန့်လိုက်သည်

" ပြီးပြီလား "

" ဟုတ် "

" ဒါဆို ပြန်ကြမယ် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now