အပိုင်း ( ၃၃ )

3.5K 93 4
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 33
~~~~~~~
" ကလေး ထတော့နော် ၈နာရီထိုးနေပြီ.... ကလေး "

ကြည်လင်ပြတ်သားပြီး ညှို့ငင်တဲ့အသံကြောင့် အိပ်မက်များလားဟုပင် တွေးထင်မိသည်

ဒါကြောင့် မျက်ဝန်းလည်း အသံလေးကိုဆက်ပြီးကြားချင်နေသေးတာမို့ မျက်လုံးကိုမှိတ်ထားဆဲဖြစ်သည်

" ကလေးနိုးနေတာ ကိုကိုသိတယ်နော်
ရုံးနောက်ကျမယ် ကလေးရဲ့ ထတော့ ထတော့ "

ဟင် ဒါကြီးကတော့မဟုတ်လောက်သေးပါဘူး
ပါးပြင်ပေါ်က နွေးခနဲဖြစ်သွားတာမို့ မျက်ဝန်းလည်း မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်တော့

" အား.....ကိုစဝ်ခွန်မှိုင်းခ "

" ဘာ ဘာဖြစ်လို့လဲ ကလေး ကိုကို့ကိုပြော "

" ရှင် ရှင် ဘယ်လိုရောက်လာတာလဲ
ကျွန်မကရော ဘာလို့ဒီကိုရောက်နေရတာလဲ "

ရှင်နဲ့ကျွန်မဆိုပြီး သုံးနေတဲ့အသုံးအနှုန်းကြောင့် ခွန်းလည်း သက်ပြင်းချလိုက်ပြီး သူ့ကလေးသိချင်တဲ့အကြောင်းကို ပြောပြလိုက်သည်

" အမကဗျာတော့ ဘယ်လိုထင်သွားမလဲမသိဘူး
ကိုစဝ်ခွန်မှိုင်းခ အဲ့ဒါရှင့်ကြောင့် ကိုယ့်ဘာသာအေးဆေးနေပါလား "

" ကလေးကမူးနေတာလေကွာ ကိုကိုကတစ်ခြားသူနဲ့စိတ်ချရဲပါ့မလား "

" ဘာကို ကိုကိုနဲ့ကလေးလဲ ဆင်ခြင်
ရှင်နဲ့ကျွန်မနဲ့က ပြီးသွားပြီ "

" ကိုကို့ဘက်ကမပြီးဘူး ကိုကို ကလေးကိုရှင်းပြချင်သေးတယ် "

" ကျွန်မနားမထောင်ချင်ဘူး အခန်းထဲကထွက်သွားပေးပါ ကျွန်မရေချိုးချင်လို့ "

" ဟုတ်ပါပြီ ကိုကိုထွက်သွားပေးပါ့မယ်
ရေတော့မြန်မြန်ချိုးနော်ကလေး ကိုကိုအကျီထုတ်ပေးထားခဲ့မယ် "

" ဟင် အကျီဟုတ်လား "

" ကလေးအတွက်ဆိုပြီး တောင်ကြီးကနေ ကိုကိုဝယ်လာခဲ့တာပါဗျ "

" အင်း "

အင်း တစ်ခွန်းတည်းပြောပြီးခပ်တည်တည်နဲ့ ရေချိုးခန်းထဲဝင်သွားတဲ့ သူ့ရဲ့အချစ်လေး
ကြောင့် သူလည်းသက်ပြင်းတစ်ချက်ချလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now