မြေပြန့်သူလေး
~~~~~~~~~~~
Part - 27
~~~~~~~
ပြာလွင်နေတဲ့ကောင်းကင်ကြီးရဲ့အောက်မှာ မနက်ခင်းမြူခိုးမှိုင်းနေတဲ့အချိန် အင်းလေးကန်ကြီးရဲ့အလှက စာဖွဲ့လို့မမှီနိုင်အောင် လှခြင်းမျိုးနဲ့လှပနေသည်လေကလည်းလတ်ဆတ်လွန်းပြီး ခြေထောက်နဲ့လှေလှော်နေတဲ့အင်းသားတွေကိုကြည့်ပြီး နှုတ်ခမ်းထက်မှာ အပြုံးရိပ်တွေကစွန်းထင်းလျက်
ဒီနေရာ ဒီဒေသက အင်မတန်မှလှပပါပေလား
အစတုန်းကကြောက်မယ်လို့ထင်ထားတဲ့ကိုယ့်စိတ်က တကယ်တမ်းလှေစီးလိုက်ရတဲ့အချိန်မှာ ကြောက်စိတ်တွေစိုးစဥ်းမျှမရှိဘဲ သဘာဝတရားကြီးက ကိုယ့်ကိုစိုးမိုးထားသည် လွှမ်းခြုံထားသည်
ကြာပန်းတွေကလည်း အလေ့ကျပေါက်ရောက်နေတာမို့ ဒီလိုမြင်ကွင်းမျိုးက အင်မတန်မှရှားပါးလွန်းလှသည်
" ညီမလေး အမတို့အင်းလေးက လှတယ်မလား "
" ဟုတ် အမ မျက်ဝန်းကတော့ အရမ်းပျော်နေတာ "
" ခဏနေ အိမ်တွေကိုတွေ့ရင် ပိုတောင်ပျော်သွားဦးမယ် ရေပေါ်မှာဆောက်ထားတော့ အိမ်တွေက တကယ်ကိုလှတာ "
" မျက်ဝန်းလည်း မြင်ချင်လာပြီ "
" မီးမီးရောပဲ "
" ဟင် ချယ်လေးက ဒီကိုမရောက်ဖူးဘူးလား "
မျက်ဝန်းအံံ့သြသလိုလေးမေးလိုက်တော့
" သမီးက ၄နှစ်အရွယ်တုန်းက တစ်ခါပဲရောက်ဖူးတာ နောက်ပိုင်းတွေ မအားလို့ အခုမှပြန်လာဖြစ်တာ "
" ဟုတ်တယ် ဟုတ်တယ် ဖေဖေက အလုပ်ချည်းပဲလုပ်နေတော့ လိုက်မပို့ပေးဘူး မီးမီးကို
ဖေဖေလူဆိုးကြီး "" ဖေဖေနဲ့လည်း မဆိုင်ပါလားကွ "
" ဟင့်အင်း ဆိုင်တယ် ဆိုင်တယ် ဖေဖေ့ကြောင့်နော် မေမေ "
သူ့အမေကိုပါ စကားလှမ်းခေါ်နေတဲ့ သမီးဖြစ်သူကြောင့် စစ်မှိုင်းခလည်း သဘောကျသွားကာ သမီးရဲ့ပါးဖောင်းဖောင်းလေးကို မွှေးကြူလိုက်သည်
" ဖေဖေနော် မီးမီးက အလှပြင်ထားတာကို
မေမေ ပျက်သွားပြီလားမသိဘူး ကြည့်ပေးဦး "