အပိုင်း ( ၃၈ )

3.1K 94 6
                                    

မြေပြန့်သူလေး
~~~~~~~~~~~
Part - 38
~~~~~~~
"ငါ့ကိုကိုကနောက်ဆိုအလုပ်တွေပိုများတော့မှာ"

" ဘာလို့လဲ "

" ဟွန့် အရင်ဥက္ကဌဟောင်းကြီးပေါ့ ငါ့ကိုကို ကို ဥက္ကဌ ခန့်လိုက်တာလေ "

သူ့ကလေးက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုမကျေမနပ်ဖြစ်နေပုံရ၏

" ဒါကောင်းတဲ့ကိစ္စပဲကို နင်ကဘာလို့စူပုတ်နေရတာလဲ "

" နင်တို့အမြင်မှာကောင်းပေမယ့် ငါ့အတွက်တော့မကောင်းဘူး "

စူပုတ်ပုတ်လေးဖြစ်လာတဲ့မျက်နှာလေးကြောင့် ခွန်းမှာကလေးရဲ့လက်လေးကိုဆုပ်ကိုင်ပြီး ဖွဖွလေးပွတ်သပ်ပေးနေမိသည်

" ဒီလိုပါ အကိုကသူ့ကိုအချိန်မပေးနိုင်မှာကို စိုးရိမ်နေတာ "

အကိုစဝ်ခွန်မှိုင်းခဝင်ပြောမှ စုစုတို့ ၄ယောက်မှာနားလည်သွားရသည်

အခုက စုစုရဲ့ကိုကြီး Company ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ သူမတို့တစ်အုပ်စုလုံးကို ညစာလိုက်ကျွေးနေခြင်းပင်

" ကလေးရဲ့ညီလေးက ၁၀တန်းအောင်သွားပြီမလား "

" ဟုတ် အကိုခွန်း "

" အမှတ်ကရော ဘယ်လောက်ရလဲ ညီလေး "

" 494 ပါ "

" အမှတ်များသားပဲ ဘာကျောင်းတက်ဖို့စဥ်းစားထားလဲ ညီလေး "

" ကျွန်တော်မဆုံးဖြတ်ရသေးဘူး "

" ဟုတ်တယ် ကိုကို
သားသားကအခုထိသူလုပ်ချင်တာဘာမှန်း သူမသိသေးဘူး "

" ကလေးကရော ညီလေးကို ဘာဖြစ်စေချင်တာလဲ "

" ကလေးကတော့ သူတကယ်စိတ်ဝင်စားတဲ့အရာဆို အနောက်ကထောက်ပံ့ပေးဖို့အသင့်ပဲ "

" ဟုတ်တယ် အကိုခွန်း မျက်ဝန်းတင်မကဘူး ကျွန်တော်တို့ကပါ နေမင်းညိုကို ထောက်ပံ့ပေးသွားမှာ "

ကောင်းမြတ်သူအပြောကြောင့် သူတို့ ၅ယောက်အပါအဝင် နေမင်းညိုနဲ့မေနှောင်းညိုလည်း ပြုံးမိသွားသည်

" မင်းက အချစ်ခံလေးပဲကွ "

" အဟီး ကျွန်တော်က အငယ်ဆုံးဆိုတော့အကုန်လုံးက အလိုလိုက်ကြတယ် "

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now