အပိုင်း ( ၁၇ )

4.1K 109 2
                                    

မြေပြန့်သူလေး
-------------------
Part - 17
------------
" အမ်း....ဒါ ငါ့ ငါ့ချစ်သူ "

" ဘာ ချစ်သူ ဟုတ်လား  "

ဟိုအဖွဲ့ကလူတွေအသံကြောင့် သူတို့ ၃ယောက်လည်း ထပ်ပြီးလန့်ရပြန်သည်

" ဘယ်တုန်းက ဖြစ်ကြတာလဲ "

" ဆွစ်ဇာလန်မှာတုန်းက "

အာကာ့အမေးကို မျက်ဝန်းမှာဖြေလိုက်ရသည်

" နင်နော် ငါတို့ကိုလျှိုထားတာ "

" မဟုတ်ပါဘူး စုရယ် ငါကပြောဖို့ကစောသေးတယ်ထင်လို့ "

" ဟုတ်တယ် မကြီးက အကျင့်မကောင်းဘူး သမီးကျ သမီးကြိုက်နေတဲ့လူဆို မကြီးကိုအကုန်ပြောပြတယ် "

" နှောင်းရယ် နင်ကတစ်မျိုး "

" မျက်ဝန်းနော် ကိုကြီးတောင်အခုထိရည်းစားမထားသေးတာကို "

" အဲ့ဒါက ကိုကြီးကိုကြိုက်မဲ့သူမှမရှိတာ "

" ခွီး "

" ခိခိ "

မျက်ဝန်းအပြောကို အာကာတို့တွေလည်း ရယ်လိုက်ကြသည်

" ဟို ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ "

ခွန်းကထိုသို့ပြောတော့ လှည့်ကြည့်လာတဲ့လူများကြောင့် သူလည်းပြောဖို့စတင်လိုက်သည်

" ကျွန်တော့်နာမည်က စဝ်ခွန်မှိုင်းခ ပါဗျ
မျက်ဝန်းနဲ့ Company အတူတူပါပဲ "

" အကို့ကိုကျွန်တော်တို့သိပြီးသားပါ မျက်ပြူးမက ပြောလွန်းနေလို့ "

" ဟင် "

" ဘာမှမဟုတ်ဘူးနော် ကိုကို သူတို့လျှောက်ပြောနေတာ "

မျက်ဝန်းလည်း ဟိုလူတွေကိုအံကြိတ်ပြလိုက်တယ် အရမ်းအာချောင်တဲ့ဟာတွေ

" ကျွန်တော်တို့ချစ်သူဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီကလူတွေကို ညစာလိုက်ကျွေးပါရစေ "

" ဟင် "

" တကယ်ကြီးလား "

" ဝိုး.....မိုက်တယ် "

အကုန်လုံးထံမှ အသံမျိုးစုံထွက်လာကြပြီး
မျက်ဝန်းကတော့ သဒ္ဓါတရားတွေပိုနေတဲ့လူကြီးကြောင့် မျက်စောင်းထိုးလိုက်သည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now