အပိုင်း ( ၁၁ )

4.5K 124 0
                                    

မြေပြန့်သူလေး
-------------------
Part - 11
-------------
စဝ်ခွန်မှိုင်းခ ရှမ်းပြည်က project အောင်မြင်သွားလို့ သူ့ရဲ့ရှာပုံတော်လုပ်ငန်းကို စတင်ဖို့
ရန်ကုန်ကို သူငယ်ချင်းဖြစ်သူနဲ့အတူ ရောက်လာခဲ့ရသည်

Project က ထင်ထားတာထက် မြန်မြန်ပြီးသွားတာမို့ ကတိအတိုင်း စိုင်းထက်ဝဠာကို ရန်ကုန်မှာ ကွန်ဒိုတစ်ခန်းဝယ်ပေးရသေးသည်

စိုင်းထက်ဝဠာက သူ့ကိုဖုန်းဆက်ပြီး သူပြောတဲ့နေရာကိုလာဖို့ဖုန်းဆက်လို့ ကားမှတ်တိုင်ရဲ့မနီးမဝေးမှာစောင့်နေတုန်း လက်ကိုလာကိုင်ပြီး ကိုကိုလို့လာခေါ်တဲ့ ကောင်မလေးတစ်ယောက်အသံကြောင့် အံ့သြသွားမိတယ်

အသံက သူရင်းနှီးနေတဲ့အသံဖြစ်တာမို့ သူမ များလားဆိုပြီး လှည့်ကြည့်လိုက်တော့

" ဟင် မျက်ဝန်းမေ "

" ဟင် ဟိုလူကြီး "

မျက်ဝန်းမှာ အကူအညီတောင်းမဲ့ကိစ္စကိုမေ့ပြီး သူ့ကိုပဲကြောင်ကြည့်နေမိသည်

" ဟိတ် မျက်ဝန်းလေး ဒီတစ်ခါလည်းကိုကြီးကို လိမ်နေတာပဲမလား "

ပြီတီတီမျက်နှာနဲ့ သူမအနားကိုတဖြည်းဖြည်းချင်းလာနေတဲ့ထိုလူကြောင့် မျက်ဝန်းလည်း ဟိုလူကြီးလက်ကိုပိုပြီးဆုပ်ကိုင်မိသည်

" မင်းက ဘယ်သူလဲ "

သြရှရှအသံနဲ့ ပြတ်သားစွာထွက်လာတဲ့ စကားလုံးများကြောင့် မျက်ဝန်းလည်း ဟိုလူကြီးကို မော့ကြည့်မိသွားသည်

" ငါ့ကိုမေးတဲ့ မင်းကရောဘယ်သူလဲ "

" အဟက် အချစ် ကိုကိုအချစ်ကို လာကြိုတာ သွားကြရအောင်နော် "

" ဟင် ဟုတ် ဟုတ် "

ထိုအချိန်တစ်ဖက်လူက မျက်ဝန်းရဲ့လက်တစ်ဖက်ကိုဆွဲလိုက်တာမို့ သူမလည်းပြန်ပြီးရုန်းလိုက်သည်

" ခွပ် "

" နောက်တစ်ခါထိချင်ဦး နောက်တစ်ခါ ငါ့ကောင်မလေးအနားမှာ မင်းကိုထပ်ပြီးတွေ့ရရင် အသက်နဲ့ခန္ဓာမြဲမယ်မထင်နဲ့ ခြိမ်းခြောက်တာမဟုတ်ဘူးနော် တကယ်လုပ်မှာ "

အထိုးခံလိုက်ရတဲ့လူမှာတော့ ကြားလိုက်ရတဲ့စကားနဲ့ အကြည့်စူးစူးတို့ကြောင့် ကြက်သီးများပင် ထသွားမိသည်

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now