Part-31

1.6K 29 0
                                    

{တစ်ကျော့ပြန်}

အပိုင်း (၃၁)


လေယာဥ်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းတွေကတစ်ဖြည်းဖြည်းနဲ့မျက်ဝါးထင်ထင်တွေ့လာရသည်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းထဲသို့ အနက်ရောင်ကိုယ်ကျပ်ဂါဝန်ကိုဝတ်ဆင်ထားပြီးမျက်နှာချောချောဟာတည်တင်းလျက်ခြေဖမိုးလှလှလေးတွေကအနက်ရောင်စိန်စီခြယ်ထားတဲ့ဒေါက်ဖိနပ်အားစီးလျက်တစ်လှမ်းခြင်းလျှောက်လာပုံမှာသိပ်ကိုလှပလွန်းနေသည်





ခတ္တာအမိမြေကိုခြေ ချမိလိုက်တာနဲ့တိုက်ခတ်လာတဲ့လေပြေလေးတွေအားအဝရှူသွင်းလိုက်သည် သူမအမိမြေကိုစွန့်ခွာခဲ့တာ (၆)နှစ်တောင်ပြည့်ခဲ့ပြီဖြစ်သည်



သူမဂျပန်ကထွက်လာတော့နေ့လည်ဖြစ်နေပြီမို့မြန်မာပြည်ပြန်ရောက်တော့ညပင်မိုးချုပ်နေသည်ခရုစိုကိုငယ်လေးနဲ့ထားခဲ့ပြီးကီနိုကိုကသူမခေါ်လာခဲ့သည်





"မမလေး ကျွန်တော်ကားဌားထားပြီးပြီသွားကြရအောင်"



ကီနိုမမလေးကိုကြည့်ပြီးပြောလိုက်သည် ပြန်မလာခင်နေ့ကမမလေးနဲ့အတူလိုက်ရန်သူ့မှာငိုယိုပြီးပြောခဲ့ရသည် အလုပ်သမားရယ်လို့ခွဲခြားဆက်ဆံခြင်းမရှိတဲ့အပြင်မိသားစုဝင်တစ်ယောက်လိုဆက်ဆံပေးတဲ့မမလေးအားကီနိုမခွဲနိုင်တာကြောင့်ခုထိလိုက်လာတာဖြစ်၏





"အေးအေ သွားကြတာပေါ့ ဒါနဲ့ကီနို"





"ဗျာ မမလေး"






"ငါပြန်လာတာသာမေမေတို့သိရင်Supriseဖြစ်သွားမှာပါနော်"





"သေချာတာပေါ့မမလေးကလည်း မမလေးကအလည်တောင်ပြန်လာခဲ့တာမှမဟုတ်တာခုလိုတွေ့လိုက်ရရင်လုံးဝအံသြ သွားမှာ"




ခတ္တာ ကီနိုစကားကြောင့်ပြုံးလိုက်သည်မေမေတို့ကိုအဆက်သွယ်မလုပ်ခဲ့တာကြာခဲ့ပြီဖြစ်သည်ဘယ်လောက်တောင်လွမ်းနေလိုက်ပါ့မလဲ




အာဏာဒီရက်ပိုင်းအိမ်ပြန်မအိပ်နိုင်ပဲ ကွန်ဒို၌သာနေပြီးCompanyကိုကူးသန်းနေရသည် မနက်ဖန်ညဆိုလျှင်သူ့ SA Company(၇)နှစ်ပြည့်မိတ်ဆုံစားပွဲ ကျင်းပမှာကြောင့်အလုပ်ရှူပ်နေရသည်ထိုပွဲမှာတော့Alexကိုပါဖိတ်ထားသည်သူမကCompanyအများစုရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့အပြင် စီးပွားရေးလောကမှာသြဇာအာဏာကြီးမားတဲ့ဘုရင်မတစ်ပါးဖြစ်နေတာမို့သူမကိုမေ့လို့မဖြစ်





တစ်ကျော့ပြန်(Completed)Where stories live. Discover now