Part-8

1.4K 30 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၈)

ဒီနေ့မနက်တော့အကုန်လုံးစောစောနိုးနေကြသည်ဘုန်းကြီးကျောင်းကိုပစ္စည်းတွေသွားပို့ကြရမည်ဖြစ်သောကြောင့်
ရွာဘုန်းကြီးကျောင်းနဲ့အိမ်နဲ့ကမဝေးပေနီးတာကြောင့်ပိုအဆင်ပြေသွားသည်
ရွာထဲက ကလေး၊လူကြီးကအစအားတက်သရောလုပ်အားပေးကြတာမို့ဒေါ်ခက်ခက်တို့အားလုံးဝမ်းသာကြရသည်

"...ကဲ့ ဒါဆိုဘုန်းကြီးကျောင်းသွားကြရအောင်ဟေ့ ဟိုမှာဟင်းချက်မဲ့အဖွဲ့ရောက်နေလောက်ပြီ.."
ဒေါ်နုစကားဆုံးတာနဲ့အားလုံးနိုင်သလောက်စီသယ်ယူပြီးဘုန်းကြီးကျောင်းသို့ထွက်ခဲ့ကြသည်

ဘုန်းကြီးကျောင်းရောက်တော့ပစ္စည်းတွေချထားပြီး ကျောင်းထိုင်ဆရာတော်ကိုဖူးမြှော်ရန်ကျောင်းပေါ်သို့တက်ခဲ့ကြသည်
ကျောင်းပေါ်ရောက်တာနဲ့ဘုရားအားအရင်ဦးချပြီး ဆရာတော်အားဦးချကန်​တော့လိုက်ကြသည်

"...ဆရာတော်ဘုရား လိုအပ်တာတွေရှိရင်တပည့်​တော်တို့ကိုအချိန်မရွေးပြောပါဘုရား.. "

"...ဒကာတို့၊ဒကာမတို့ကခုလိုတစ်နယ်တစ်ကြေးကိုတကူးတကလာလှူတာကိုပဲဘုန်းဘုန်းဝမ်းမြောက်လှပါပြီ.."

တင်ပါ့ဘုရား ထို့နောက်မေမေတို့ဆရာတော်နဲ့စကားပြောနေတုန်းခတ္တာနဲ့ကိုကိုကအောက်ထပ်ကိုပြန်ဆင်းလာခဲ့ပြီးကျောင်းအနှံ့လျှောက်ကြည့်နေလိုက်သည်

"...ကျောင်းလေးက ကျယ်ဝန်းပြီးအေးချမ်းလိုက်တာနော် ရွာသူရွာသားတွေကလည်းစိတ်ထားကောင်းကြတယ်.."

ခတ္တာတစ်ယောက်ကိုကို့စကားကြောင့်ပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်

"...ခတ္တာရေ ခတ္တာ.. "

ခတ္တာခေါ်သံကြောင့်နောက်လှည့်ကြည့်တော့အန်တီနုကလှမ်းခေါ်နေတာပင်

"...ဘာဖြစ်လို့လဲ တီနု.."
ဟိုမှာဟင်းချင်ဖို့လုပ်နေကြပြီအဲ့တာလာဝိုင်းလုပ်ကူလိုက်အုန်း
"..ဟုတ် လာပြီ တီနု.."
ခတ္တာလည်းတီနုနောက်လိုက်ဖို့ပြင်နေတုန်းကိုကိုမှ့လက်ကိုရုတ်တရက်ဆွဲလာလေသည်
ခတ္တာကမျက်လုံးပြူးလေးနဲ့ပြန်ကြည့်တော့ကိုကိုက

တစ်ကျော့ပြန်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ