Part-2

2.4K 49 0
                                    

{တစ်ကျော့ပြန်}
အပိုင်း(၂)
ညကကျော့နဲ့ဖုန်းပြောရင်းအိပ်ချိန်နောက်ကြသွားတာနဲ့မနက်အိပ်ရာထတော့နေမြင့်နေပြီ စိုင်းအာဏာစဝ်ကတစ်ဦးတည်းသောသားအသက်24 အဖေကနာမည်ကြီးကုန်တိုက်ပိုင်ရှင်အမေကစိန်ဆိုင်ပိုင်ရှင်တွေဆိုတော့ခုထိအလုပ်ကိုမယ်မယ်ရရမလုပ်ပေသူဌေးသားပီပီဇိမ်ခံပစ္စည်းတွေBrandတွေမှသုံးသည်အသန့်အပြန့်လည်းကြိုက်လွန်းလှလေသည်
အာဏာလည်းရေမိုးချိုးပြီးအောက်ဆင်းလာပြီးမေမေတို့နဲ့တူတူမနက်စာစားနေတုန်းမေမေမှစကားစလာသည်

"....သားစိုင်း..လာမဲ့ဗုဒ္ဓဟူးနေ့ကနေစပြီးသမီးလေးခတ္တာကိုသင်တန်းအပို့အကြိုလုပ်ပေးလိုက်ရေ"

"...အဟွတ်..အဟွတ်..အာဏာသောက်လက်စကော်ဖီတောင်သီးသွားသည်..ဗျာ..မေမေကလည်းသားမပို့ချင်ဘူးအားလည်းမအားဘူး"

ဟေ့ဟျောင့် မင်းကမအားဘူးဆိုတော့ဘာအလုပ်ကြီးအလုပ်ကိုင်တွေများလုပ်နေရလို့တုန်းတစ်နေ့တစ်နေ့အပြင်သွားမယ်စားမယ်ရည်းစားနဲ့သွားတွေ့မယ်ဒါပဲလုပ်နေတဲ့ကောင်က လျှာမရှည်နဲ့ငါတို့ကပို့ဆိုပို့လိုက် ဦးဓနအာဏာလည်းသားဖြစ်သူကိုငေါက်လိုက်သည်
မေမေရောဖေဖေရောကဟိုမိန်းမဘက်မှာပါနေသဖြင့်အာဏာလည်းဘာမှမတက်နိုင်ပဲစိတ်ညစ်ညစ်နဲ့ခေါင်းညိမ့်ပြလိုက်သည်
သူကဘာသင်တန်းတက်မှာမို့လို့လဲအဲ့လောက်အရေးကြီးနေတာလဲ English Speakingသင်တန်း မင်းပို့မှာသာပို့အရစ်မတက်နဲ့ ပြီးရောဗျာ.အာဏာလည်းကားသော့ယူပြီးအိမ်ပြင်ထွက်ပြီးကားထဲဝင်ထိုင်နေရင်းပြောလိုက်သည်
ဒီမိန်းမသူ့အိမ်မှာကား၂စီးတောင်ရှိတာကိုဘာလို့ငါ့ကလိုက်ပို့ရမှာလဲအရေးမပါတာမေမေကိုဘာတွေလာပြောထားလဲမသိ ဟူးကျော့ဆီသွားတာပဲကောင်းတယ်ပြောရင်းကားစက်နှိုးပြီးထွက်သွားလိုက်သည် ကားသံကြားတော့မှဦးဓနတို့လင်မယားအချင်းချင်းပြုံးပြီးလက်ဝါးချင်းရိုက်လိုက်သည် နေပါအုန်း မင်းကဒီလိုဒီကြောင်းပြောဆိုလို့သာပြောလိုက်ကတာ ကိုယ်ဘာမှမသိရသေးဘူး ပြောပြစမ်းပါအုန်း ဒီလိုတော် ပြောပြမယ်  ကျွန်မဟိုနေ့ကမခက်တို့အိမ်သွားတော့ခတ္တာလေးမတွေ့လို့မေးမိတော့သူ့အမေကသင်တန်းသွားအပ်တယ်တဲ့ဆိုလို့ဘာသင်တန်းလဲလို့မေးတော့English speakingတဲ့ အဲ့တာနဲ့ကျွန်မလည်းအကြံပေါ်သွားတယ်သားကိုသမီးခတ္တာလေးနဲ့ပဲသဘောတူနိုင်တယ်လေ အဲ့တော့သားနဲ့နီးစပ်အောင်လမ်းဖောက်ပေးရတာပေါ့

တစ်ကျော့ပြန်(Completed)Tahanan ng mga kuwento. Tumuklas ngayon