Part-1

6.7K 67 0
                                    

{တစ်ကျော့ပြန်}
အပိုင်း(၁)
မနက်ခင်းနေရောင်ခြည်နုနုလေးကအခန်းထဲကိုထိုးဖောက်လာတဲ့အချိန်ဖြူဖွေးသွယ်လျလှပတဲ့လက်တစ်စုံကစောင်စကိုအတွင်းဆွဲယူပြီးကာထားလိုက်သည်
ခတ္တာငယ်ဦး.... ခတ္တာငယ်ဦး... ထတော့လေ
နေမြင့်နေပြီမိန်းကလေးဖြစ်ပြီးခုထိမထသေးဘူးလား
ဟား..မိုးကလင်းပြီလား အိပ်လို့မဝသေးပါဘူးဆို
ခတ္တာတစ်ယောက်မေ့မေ့ခေါ်သံကြောင့်အိပ်ချင်မူးတူးပုံစံဖြင့်ထထိုင်လိုက်သည်
ဒေါက်...ဒေါက်..ဒေါက်..တံခါးခေါက်သံနှင့်အတူမေမေအခန်းထဲသို့ရောက်လာသည်
ခတ္တာ ..နိုးနေရင်လည်းမြန်မြန်ထမျက်နှာသစ်ရေမိုးချိုးပြင်ဆင်ချေ သွား..
မေမေကလည်းဘာတွေအရေးကြီးနေလို့အသည်းသန်နှိုးနေတာလဲ ဒီမှာခတ္တာအိပ်လို့မဝသေးဘူး ပြန်အိပ်လိုက်အုန်းမယ် ပြီးမှမျက်နှာသစ်ရေချိုးမယ်နော့ပြောရင်းဆိုရင်းခတ္တာအိပ်ယာပေါ်ဗိုင်းခနဲ့လှဲချလိုက်သည်နှင့်တစ်ပြိုင်နက်ခတ္တာရဲ့မိခင်ဒေါ်ခက်ခက်ဦးရဲ့လက်ကခတ္တာနားရွက်သို့ရောက်လာသည်

အား...နာတယ်မေမေ..အားလားလား
နာရင်ထ သွားခုထမျက်နှာသစ်ရေသွားချိုး
ပြီးရင်ဟိုဘက်ခြံကအန်တီဥမ္မာသွင်တို့အိမ်ကိုမုန့်သွားပို့ပေး မေမေမအားလို့မလာတာလို့ပြောလိုက်အုန်း
မေမေပြောပြီးပြန်ထွက်သွားတာနဲ့ခတ္တာလည်းရေချိုးခန်းထဲဝင်လိုက်တော့သည်
မေမေ...မေမေရေသမီးပြီးပြီခတ္တာလည်းပြောရင်းအောက်ထပ်ဆင်းလာတော့ဟော..တွေ့ပါပြီမေမေကချိုင့်ပြင်ပေးနေတာ
အော် လာသမီးလေးအန်တီတို့အိမ်ကိုသွားပို့ပေးလိုက်မေမေနောက်အားတဲ့ရက်မှလာမယ်လို့ပြောလိုက်နော် ဟုတ်​ကဲ့ပြောလိုက်ပါ့မယ်ရှင့်မေမေ့ကိုပြောပြီးခတ္တာလည်းခြံပြင်ထွက်လာလိုက်သည်

ကိုကိုတို့အိမ်ရှေ့ရောက်တော့ခြံတစ်ခါးကပွင့်နေသည်မို့ခတ္တာလည်းဒီတိုင်းဝင်လာလိုက်သည်အန်တီသွင်ရှိလား အန်တီသွင်ရေ ခတ္တာမုန့်လာပို့တာ ဒေါ်ဥမ္မာသွင်တစ်ယောက်မီးဖိုထဲချက်ပြုတ်နေရင်းအိမ်နားကခေါ်သံကြားတာကြောင့်အေပရွန်ကြီးဝတ်လျက်ထွက်လာသည်
အော်...ဘယ်သူများလဲလို့ ခတ္တာလေးပါလား
လာလေသမီးလေး လက်ထဲလည်းချိုင့်ကြီးနဲ့ပါလား ဘာတွေတုန်းခတ္တာလေးရဲ့ အိမ်မှာမုန့်လုပ်လို့မေမေကလာပို့ခိုင်းလိုက်တာအန်တီသွင်
ခတ္တာနဲ့အန်တီနှစ်ယောက်စကားပြောနေရင်းအနံတစ်ခုကရလာသည် ဟင်..ဘာနံပါလိမ့်
ဟယ်..ခုမှသတိရတယ် အန်တီဟင်းချက်နေတာသမီးရဲ့ ဂျိုးတူးကုန်ပြီနဲ့တူပါတယ်ပြောရင်းအန်တီကမီးဖိုထဲပြေးဝင်သွားတော့ခတ္တာပါနောက်ကပြေးလိုက်သွားသည် ဟုတ်ပါရဲ့
ဟင်းကတူးတာတစ်ဝက်ကျိုးနေပြီ အန်တီကကြည့်နေတုန်းခတ္တာကမီးဖိုပေါ်ကအမြန်ချလိုက်သည် သတိကကောင်းသလားမမေးနဲ့သမီးရေချက်ထားတာတော့ကုန်ပြီ
အန်တီကခတ္တာကိုရယ်ရင်းပြောလိုက်သည်
သမီးဒီမှာထိုင်လေအန်တီဟင်းပြန်ချက်လိုက်အုန်းမယ် ရပါတယ်အန်တီရဲ့ သမီးလည်းချက်ကူမယ်လေ ရလားအန်တီ သမီးကချက်တက်တယ်ပေါ့ ဟုတ် ချက်တက်တယ်အန်တီတစ်ခါတစ်လေအိမ်မှာခတ္တာဝင်ဝင်ချက်ဖြစ်တယ်

တစ်ကျော့ပြန်(Completed)Where stories live. Discover now