Part-34

1.8K 27 2
                                    

{တစ်ကျော့ပြန်}

အပိုင်း(၃၄)

ခတ္တာဒီနေ့ညနေတော့ ဘရဏီတို့ဖိတ်ထားတဲ့ပွဲတက်ရန်ပြင်ဆင်နေသည်
ကျော့သီရိခိုင်လာမှာသိနေတာကြောင့်တက်ခြင်းဖြစ်သည် ရရင်ရသလိုဖိနှိမ့်ပြစ်မယ်Partyပါ ပေးတာကြောင့်အမိုက်စားကိုယ်ကျပ်ဂါဝန်ကိုထုတ်ဝတ်လိုက်သည်




"မိုးအုံ့လို့သစ်ရွက်လေးတွေငြိမ်နေရင်

တိမ်တွေပြိုတော့မှာကြိုသိတယ်

ဝါဆိုရယ်သိပ်သတိရမိတယ်

တိုင်းရှစ်ခွင်မှိုင်းညှို့ဆိုင်းကာမှောင်ရီခြယ်

မိုးခြိမ်းသံသဲ့သဲ့ကြားတယ်ဝါဆိုရယ်

မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်

လွမ်းတယ်ဝါဆိုရယ်"




ခတ္တာလည်းအဝတ်စားလဲနေရင်း ဝါဆို သီချင်းလေးအားငြီးနေသည် အဝတ်စားဝတ်ပြီးမှန်ရှေ့၌တစ်ပတ်လှည့်ကြည့်လိုက်ပြီးသဘောကျစွာပြုံးလိုက်သည်





အာဏာစိတ်ပျက်လက်ပျက်နဲ့အဝတ်စားတွေကိုအတင်းထိုးထည့်ဝတ်နေသည် အကြောင်းအရင်းပြောဆို ဘရဏီတို့မိသားစုပင် ခုလည်းပွဲလုပ်တာဖိတ်ပြန်ပြီ partyကပါလိုက်သေးစိတ်ရှုပ်ပါတယ် စီးပွားရေးအရမို့သာတက်နေရတာ




အာဏာအောက်ထပ်ဆင်းလာတော့အလုပ်လုပ်နေတဲ့မေမေ့ကိုတွေ့လိုက်ရလေသည်




"မေမေ သားသွားပြီနော်"





ဒေါ်ဥမ္မာသွင်ဆိုင်စာရင်းတွေစစ်နေတုန်းသားဖြစ်သူအသံကြောင့်ကြည့်လိုက်ရင်း






"အော် အေးအေး သားခတ္တာလေးကိုစောင့်ရှောက်လိုက်အုန်းနော်"






"ဟုတ်ကဲ့ သားတွေ့ရင်ဂရုစိုက်လိုက်ပါ့မယ်"



အာဏာလည်းမေမေအားနှုတ်ဆက်ပြီးကားထဲဝင်လိုက်လိုက်ပြီးခြံဝင်းထဲမှထွက်ခွာလာခဲ့တော့သည်




ဘရဏီတစ်ယောက်ခြံဝင်းထဲကိုစိုင်းအလာကိုစောင့်မျှော်နေရင်းအရှေ့အနောက်လျှောက်လျက်ကြည့်နေသည်






တစ်ကျော့ပြန်(Completed)Where stories live. Discover now