Part-21

1.4K 27 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၁)

ဒီနေ့တော့အလုပ်ပြန်ဆင်းပြီမို့ခတ္တာလည်းကိုကိုနှင့်အတူCompanyသို့စောစောထွက်လာခဲ့လိုက်သည်

ခတ္တာတို့ကားလေးဟာလည်းSA Companyရှေ့ရောက်တာနဲ့ထိုးရပ်သွားသည်မို့ကားပေါ်ကဆင်းလာခဲ့ ကြသည်


ရုံးခန်းသို့သွားနေရင်းလမ်းတစ်ဝက်၌ခတ္တာနှင့်ဟိုတစ်ခါစုံဖူးတဲ့ စိုင်းသူရ ဆိုတဲ့ကောင်လေးကိုတွေ့လိုက်ရသည်မို့နှုတ်ဆက်လိုက်လေသည်



"...ဟယ်  မောင်လေးစိုင်းသူရ ရောက်တာကြာပြီလား.."

သူရလည်းခေါ်သံကြောင့်ကြည့်လိုက်တော့ဟိုတစ်ခါကအစ်မချောချောလေးပင်

"..ဟုတ် နည်းနည်းတော့ကြာနေပြီအစ်မ.."


အာဏာ ခတ္တာနဲ့စကားပြောနေတဲ့ကောင်လေးကိုမျက်မှောင်ကြုံ့ပြီးကြည့်နေတုန်းနောက်ပါးဆီမှခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့


"...မောင် ကျော့လွမ်းလို့.."


အာဏာလည်းသူ့လက်မောင်းကိုလာဖက်ပြီးချွဲနေတဲ့ကျော့အားပြုံးရင်း

"..ေမာင်လည်းလွမ်းနေတာမောင့်အသဲလေး လာ အထဲသွားရအောင်.. "


ပြောရင်းကျော့အားခေါ်ပြီးရုံးခန်းးထဲသို့ဝင်လာခဲ့သည်

ခတ္တာလည်းကိုကိုတို့ထွက်သွားတာကိုငေးကြည့်နေရင်း

"...အစ်မ. အစ်မအားရင်နောက်နေ့ကျွန်တော့်အိမ်ထမင်းစားဖိတ်လို့ရလားဗျ.."

"..ဟမ်း အော်ရပါတယ် မောင်လေးရဲ့အားနာစရာကြီး.."


"..မဟုတ်တာ အစ်မကလည်းကျွန်တော်ကခင်မင်ရင်းနှီးချင်လို့ဖိတ်တာပါဗျ.."


ခတ္တာလည်းဆက်ငြင်းနေမထူးတော့တာမို့ခေါင်းငြိမ့်ပြလိုက်ပြီးသဘောတူလိုက်သည်


စိုင်းသူရနဲ့စကားပြောပြီးခတ္တာလည်းရုံးခန်းဆီပြန်လာခဲ့တော့ မြင်ရတဲ့မြင်ကွင်းက ရင်ကိုရေနွေးပူနဲ့ပတ်လိုက်သလို


အခန်းတံခါးမပိတ်ပဲ မိုးမမြင်လေမမြင်ချစ်ကြည်နူးနေတဲ့ကိုကိုနဲ့မကျော့တို့ကို ခတ္တာကြောင်ကြည့်နေမိသည်


တစ်ကျော့ပြန်(Completed)Where stories live. Discover now