Part-4

1.7K 36 0
                                    

{တစ်ကျော့ပြန်}
အပိုင်း(၄)
ညနေ3:00ရှိပြီမို့အာဏာခတ္တာကိုသွားကြိုနေရင်းသင်တန်းရှေ့ကားရပ်ထားရင်းစောင့်နေလိုက်သည်..စောင့်နေရင်းမနက်ကသီဟပြောတဲ့စကားတွေကိုပြန်ကြားယောင်မိရင်းစဥ်းစားမရဖြစ်နေသည်အပြင်ဘက်ကတံခါးခေါက်သံကြားမှသတိပြန်ဝင်ပြီး ​ကားပေါ်ကဆင်းလိုက်သည်
"...ခတ္တာရောက်ပြီကိုကို..သွားတော့မလား.."
"...ရီရီရောပြန်သွားပြီလားခတ္တာ.."
"...ခုနလေးတင်ပဲလူစုခွဲပြီးပြန်ကုန်ပြီကိုကိုရဲ့.."ကိုကိုနဲ့စကားပြောနေတုန်းကိုကိုဆီမှဖုန်းလာနေသည်မို့စကားသံတွေတိတ်ကုန်သည်
"...ဟယ်လို... ဟယ်လိုသားရေ.... "
"...မေမေလား ဘာဖြစ်လို့လဲမေမေ..."
"...သားဘေးနားမှာခတ္တာလေးရှိလားသား.."
"...ရှိတယ်မေမေ မေမေဘာမှာစရာရှိလို့လဲ..."
"...အပြန်ကြရင်ခတ္တာလေးကိုအိမ်ဝင်ခဲ့အုန်းမေမေပြောစရာရှိလို့လို့ပြောလိုက်အုန်းသား..."
"...ဟုတ်ကဲ့ သားပြောလိုက်ပါ့မယ် မေမေ..."အာဏာလည်းမေမေဖုန်းချသွားတော့အနားမှာရပ်နေတဲ့ခတ္တာကိုမေးငေါ့ပြရင်းပခုံးတွန့်ပြလိုက်တော့သူ့ကိုပါးချိူင့်တွေနစ်တဲ့အထိရယ်ပြလာလေသည်
"...ဟာ...ဒီမိန်းမရယ်ပြန်ပြီ...ကားပေါ်တက်သွားကြရအောင်ဒေါ်ခတ္တာငယ်ဦး..."ကိုကို့စကားသံကြောင့်ကားပေါ်တက်လိုက်သည်ကိုကိုနဲ့တူတူဘေးချင်းကပ်ရပ်ထိုင်ကပြီးကိုကို့မျက်နှာချောချောကြီးကိုကြည့်ရတာခတ္တာအတွက်တော့နိဗ္ဗာန်ဘုံလိုပါပဲ
အာဏာတစ်ယောက်သာ့ကိုစိုက်ကြည့်ပြီးတစ်ယောက်ထဲပြုံးနေတဲ့ခတ္တာကိုကြည့်ပြီး
"...ကိုကိုမျက်နှာတစ်ခုခုပေနေလို့လားခတ္တာ.."
"...ရှင်...ဘာမှမပေပါဘူးကိုကို.."
"...မင်းကသေချာကြည့်နေတော့ဘာများပေနေလဲလို့မေးတာ.."
"...ကိုကိုရဲ့ချောလွန်းလို့သေချာကြည့်နေတာ.."ဆိုပြီးမျက်စိတစ်ဖက်မှိတ်ပြရင်းရယ်ပြီးပြောနေတာကြောင့်အာဏာမရယ်ပဲမနေနိုင်ခတ္တာကိုဘာလို့မေမေတို့သဲသဲလှုပ်ဖြစ်နေလဲခုသူသေချာစကားပြောကြည့်မှသိတော့သည်
စကားပြောရင်ကလေးလေးလိုမျက်နှာထားနဲ့ပြောမှတော့အိမ်ကမေမေတို့ကချစ်ပြီပေါ့ ခတ္တာပြောလိုက်တဲ့စကားကြောင့်ကိုကိုရယ်သွားတဲ့အခိုက်အတန့်လေးကိုသဘောကျလိုက်တာနော်
"...ကိုကို..."
"...အင်း ပြောလေ ခတ္တာ..."
"...ကိုကို အဲ့လိုလေးအမြဲ ပြုံးပါလားဟင် ချစ်စရာကောင်းလွန်းလို့.."အာဏာတစ်ယောက်ခတ္တာစကားကြောင့်ရယ်မိလိုက်သည်စကားပြောရင်းပြန်လာကြတာ အိမ်ပြန်ရောက်မှပဲခဏတိတ်သွားတော့တယ်

တစ်ကျော့ပြန်(Completed)Opowieści tętniące życiem. Odkryj je teraz