Part-25

1.5K 29 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၅)

အာဏာအိပ်နေရင်းဆူညံသံတွေကြောင့်ဆက်အိပ်ရန်ကြိုးစားကြည့်ပေမဲ့မရပေထို့ကြောင့်ထ ထိုင်လိုက်ပြီးနာရီကြည့်လိုက်သည်



"ဟ..၅နာရီတောင်ရှိပြီလား ငါကအရံလေ ပြင်ရအုန်းမယ်"



ပြောရင်းမျက်နှာကုန်းရုန်းထသစ်ပြီးအပြင်ထွက်လာခဲ့တော့သည်တွေ့တဲ့အခန်းဆွဲဖွင့်လိုက်တော့ညီထွဋ်နဲ့ရီရီတို့ပြင်ဆင်နေကြတာကိုတွေ့လိုက်ရသည်မို့ဘေးဘီဝဲကြည့်မိတော့ခတ္တာကိုမတွေ့ပင်



သူလည်းညီထွဋ်တို့ပြင်ဆင်နေတဲ့အနားသို့သွားလိုက်သည်



"ဟေ့ဟျောင် ညီထွဋ်"




အသံ ကြားရာကြည့်လိုက်တော့အာဏာအပြည့်သုံးတတ်တဲ့အာဏာပင်
တကောင့်သားဘာလာလုပ်တာပါလိမ့်




"ဘာလဲကွ ခုမှနိုးတာလားပြောတော့အရံဆိုအရံကအခုမှနိုးကောင်းရော"


"အရစ်ရှည်လိုက်တာခတ္တာရော ဘယ်မှာလဲမတွေ့ပါလား"




ပြောရင်းသူ့မျက်လုံးတွေဘေးဘီဝဲ ကြည့်ပေမဲ့အရိပ်အယောင်တောင်မတွေ့ပေ





မိုးမလင်းသေးဘူးခတ္တာကိုအရမေးနေတဲ့အာဏာပုံစံကိုညီထွဋ်အကဲခတ်နေမိသည်ဒီကောင်ဘာကောင်တုန်းရီရီပြောသလိုများမိန်းမ၂ယောက်ယူချင်နေတာလား


"ဒါကငါတို့သတိုးသားသတိုးသမီးပြင်တဲ့အခန်းလေ အရံကဟိုဘက်အခန်း"



အာဏာလည်းညီထွဋ်ပြောတာနဲ့တစ်ပြိုင်နက်အခန်းထဲကထွက်လာခဲ့ ပြီးခတ္တာရှိတဲ့အခန်းဘက်ထွက်လာခဲ့တော့သည်



အခန်းတံခါးဆွဲဖွင့်လိုက်တော့သူ့ကိုကျောပေးထိုင်ပြင်နေတဲ့ခတ္တာကိုတွေ့လိုက်ရသည်သူလည်းအနားသို့သွားထိုင်နေလိုက်သည်


သူလာထိုင်တာတွေ့သွားတဲ့မိတ်ကပ်ဆရာကသူ့ကိုကြည့်ရင်းစကားစလာသည်




"မင်းကသတိုးသားအရံလား"




"ဟုတ်တယ်ဗျ ကျွန်တော်အရံ"




တစ်ကျော့ပြန်(Completed)Where stories live. Discover now