Part-12

1.4K 32 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၁၂)

သကြင်္န်ရောက်ရန်(၁)ရက်အလို

အာဏာတစ်ယောက်သကြင်္န်ကမနက်ဖြန်ဆိုရောက်ပြီ ခုထိပြန်မလာသေးတဲ့ခတ္တာကြောင်းတွေးနေလေသည်

အိမ်နှစ်အိမ်ကြားထဲကပိတောက်ပင်ကလည်းပွင့်နေတာခဲတုန်ပြီးအနံ့သင်းသင်းလေးတွေနဲ့မွှေးကြူနေလျက်
ပြောတော့သကြင်္န်အမှီတဲ့ လိမ်တာပြန်မလာတော့ဘူးလားအပြီးနေတော့မှာလားမသိပါဘူး

ဟူး...မနက်ဖြန်အတွက်မဏ္ဍပ်ဆင်ဖို့ သီဟ၊ညီထွဋ်နဲ့ရီရီတို့နဲ့တိုင်ပင်တာပဲကောင်းပါတယ်
ပြောရင်းကားသော့ယူပြီးသီဟတို့အိမ်ဘက်ထွက်လာခဲ့တော့သည်

ခတ္တာတစ်ယောက်သူမလိုချင်နေတဲ့မြေကွက်ရလာတာကြောင့်ဝမ်းသာနေသည် ထို့ကြောင့်ယူလာပေးတဲ့မဟာအား

"...ကျေးဇူးပါမဟာရေ..နင့်ကြောင့်ခုငါလိုချင်တဲ့မြေကွက်လေးရပြီ.."

"...မလိုပါဘူး..နင်သာလိုချင်ရင်ငါအကုန်ယူပေးနိုင်တယ်ဆိုပြီး.."
မျက်လုံးတစ်ဖတ်မှိတ်ရင်းပြောလိုက်သည်

ခတ္တာပြက္ခဒိန်ကိုကြည့်တော့ဧပြီလ(12)ရက်မို့လန့်သွားတယ် သူမသကြင်္န်အမှီပြန်လာမည်လို့ကတိပေးထားခဲ့သည်မဟုတ်လားထို့ကြောင့်

"...မဟာ ငါ့ကိုလေယာဥ်လက်မှတ်ဖြတ်ပေးထားအုန်း.. "

ခတ္တာစကားကြောင့်မဟာမျက်နှာတည်သွားရသည် ရောက်တာမှ၇ရက်မပြည့်သေးတာကိုခုပဲ ပြန်တော့မည်တဲ့လား

"...ဘာတွေအရေးကြီးနေလို့လဲခတ္တာ ခုပဲညနေစောင်းပြီ ပြန်ရင်အရမ်းညဥ့်နက်နေပြီ မနက်မှပြန်ပါလား.."

မဟာ စကားကြောင့်ခတ္တာခေါင်းရမ်းပြလိုက်သည်ကိုကို့ကိုသကြင်္န်အမှီလို့ပြောခဲ့တာမဟုတ်လား သူမကတိသူမတည်ချင်သည်ထို့ကြောင့်

"...ငါကိုကို့ကိုယ်ကတိပေးထားခဲ့တယ်မဟာ..သကြင်္န်အမှီပြန်လာခဲ့မယ်လို့ ငါကတိငါတည်ချင်တယ်.."

ခတ္တာစကားကြောင့်မဟာမှာရင်ဝစောင့်ကန်ခံလိုက်ရသလိုပင် ကိုယ်ချစ်ရတဲ့သူက ကိုယ့်ရှေ့တစ်ခြားလူတစ်ယောက်အကြောင်းပြောနေတာနားထောင်ရတာလောက်ရင်နာစရာမရှိ

တစ်ကျော့ပြန်(Completed)Where stories live. Discover now