Part-9

1.3K 25 0
                                    

{တစ်ကျော့ပြန်}

(အပိုင်း ၉)

မနက်ခင်းမိုးသောက်ချိန်အာဏာဖုန်းAlarmပေးထားတာကြောင့်နိုး​သွားသည်ထို့နောက်ဖုန်းပိတ်ပြီးခတ္တာကိုသွားနှိုးရန်အိပ်ယာမှကုန်းထလာခဲ့ပြီးခတ္တာအခန်းရှေ့တံခါးသွားခေါက်လိုက်သည်

"...ဒေါက် ဒေါက် ဒေါက်... ခတ္တာရေ ခတ္တာထတော့လေ မိုးလင်းတော့မယ်.."

အာဏာသူနှိုးနေတာတောင်အသံမကြားရတာကြောင့်အခန်းတံခါးကိုကြည့်လိုက်တော့လော့မချထားတာကြောင့်ဝင်လာခဲ့တော့ တွေ့ပါပြီ

အိပ်ယာထဲကွေးကွေးလေးအိပ်ပြီးစောင်ကိုခေါင်းမြှီးခြုံထားတဲ့ခတ္တာငယ်ဦးကို သူလည်းအနားသွားပြီးနှိုးလိုက်လေသည်

"...ခတ္တာ ခတ္တာထတော့ မိတ်ကပ်ပြင်တဲ့လူလာပြီ အလှူကိုအချိန်မမှီပဲနေမယ် ထတော့ ထ.."

"...ဟင်း..အင်း..."

လူကမျက်လုံးမဖွင့်သေးအသံကအရင်ထွက်လာပြီး
"...မိုးလင်းပြီလားကိုကို ဘယ်ချိန်ရှိပြီလဲ.."

"... ထတော့ မိတ်ကပ်ပြင်တဲ့သူရောက်နေပြီအောက်မှာ.."
ကိုကိုစကားကြောင့်ခတ္တာပြာပြာသလဲကုန်းထလိုက်တာစောင်စတက်နင်းမိပြီးကိုကိုပေါ်ကိုပြုတ်ကျသွားသည်

အာဏာလည်းရုတ်တရက်ကြီးသူ့အပေါ်ခတ္တာကပြုတ်ကျလာတာကြောင့်အရှိန်မထိန်းနိုင်ဘဲသူပါလဲလျက်သားကျသွားတော့သည်

နှစ်ယောက်သားထပ်လျက်အနေအထားနဲ့အတော်အတန်ကြာစိုက်ကြည့်နေမိတုန်း အာဏာရင်တွေခုန်လာသလိုပင်

ခတ္တာအသိပြန်ဝင်တော့ကိုကိုကအောက်မှာလဲလျက်ထားရှိနေပြီးသူမကအပေါ်မှာမို့မျက်နှာလေးနီရဲ ပြီးရှက်သွားရသည်မို့ကမန်းကတန်းထလိုက်ပြီး

"...Sorry...ကိုကို ခတ္တာလောသွားလို့ကိုကိုကိုယ်တိုက်မိသွားတာ.."

"...ရပါတယ် ဘာမှမဖြစ်ပါဘူး ထတော့ မျက်နှာသစ်ပြီး မိတ်ကပ်ပြင်ရအောင် လာ.."

ထို့နောက်ခတ္တာနဲ့ကိုကိုလည်းမျက်နှာသစ်ပြီးမိတ်ကပ်လူးဖို့ဆင်းလာတော့သည်

တစ်ကျော့ပြန်(Completed)Where stories live. Discover now