Part-24

1.4K 24 0
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၄)

"ခတ္တာရေ....ခတ္တာ..ဆင်းလာတော့ဟ"


ခတ္တာလည်းခေါ်သံတွေကြောင့်အောက်ထပ်ကိုအမြန်ဆင်းလာခဲ့တော့တွေ့ပါပြီချစ်လှစွာသောသူငယ်ချင်းကို




"စွတ်ခေါ်နေတာပဲရီရီရာ လာပြီဟာကို"




နောက်ကျလွန်းတဲ့သူ့ကိုအကုန်လုံးစောင့်နေကြလို့ကိုယ်ကလာခေါ်တာကိုယ်ကိုပါအပြစ်ပြောနေတာကြောင့်ခတ္တာအားရီရီမျက်စောင်းထိုးလိုက်သည်




"လူအကုန်စုံနေပြီအမ ရှင်ပဲ ကျန်တာကြွ"




"ဟဲဟဲ....လာပါသူငယ်ချင်းလေးရယ်သွားကြရအောင်"



ခတ္တာလည်းရီရီပုခုံးကိုမှီရင်းအပြင်ထွက်လာခဲ့တော့သည်



ခြံပြင်ရောက်တော့ကိုကိုနဲ့မကျော့က ကားတစ်စီး ကိုသီဟကတစ်စီး ကိုညီထွဋ်နဲ့ရီရီကတစ်စီး စီမို့ခတ္တာလည်းကားပြန်ယူရန်ပြန်လှည့်သွားလိုက်သည်




အာဏာခြံ ပြင်ရောက်လာမှအထဲ ပြန်ဝင်သွားတဲ့ခတ္တာအားကြည့်နေတုန်း




"ခတ္တာ ကိုယ်နဲ့လိုက်ခဲ့လေကိုယ်တစ်ယောက်ထဲ"



သီဟလည်းခတ္တာအားလှမ်းအော်ပြောလိုက်သည်


အာဏာလည်းသီဟကခေါ်နေတာကြောင့်ခတ္တာအဖြေကိုသိချင်နေသည်



ခတ္တာလည်း ကိုသီဟကခေါ်နေလို့ကိုကိုကိုယ်ကြည့်လိုက်တော့မကျော့လက်ကိုကိုင်ထားတာမို့ ကိုသီဟကိုခေါင်းညိမ့်ပြလိုက်သည်



"ဟုတ် ခတ္တာလိုက်မယ်အကို အကို သွားကြရအောင်လေ"



ကျော့မောင့်မျက်နှာကိုအကဲခတ်နေမိသည်
မောင်ဟာချစ်သူဖြစ်တဲ့ကျော့ရှိနေတာတောင်ကျော့ကိုမကြည့်ပဲခတ္တာကိုပဲကြည့်နေတာရိုးရောရိုးရဲ့လား



"မဟုတ်မှလွဲရော..မောင်က...မောင်က"


အို မဟုတ်လောက်ပါဘူး မောင်ကသူ့ကိုစိတ်ဝင်စားဖို့နေနေသာသာကြည့်မရဖြစ်နေတာမဟုတ်လား



တစ်ကျော့ပြန်(Completed)Where stories live. Discover now