Part-3

1.9K 34 0
                                    

{တစ်ကျော့ပြန်
(အပိုင်း၃)
မိုးချုပ်ပြီးဆိုတာနဲ့အာဏာလည်းအိမ်ပေါ်တန်းတက်ပြီးဝရံတာထွက်၍ကျော့ဆီဖုန်းခေါ်လိုက်သည်
"...တီး...တီး...တီး...ဟယ်လိုကျော့..ဂျပန်သွားတာဘာလို့မောင့်ကိုဘာမှမ​ပြောသွားရတာလဲနေ့လည်ကကျော့မာမီပြောပြမှသိရတာ ဘာလဲမောင့်ကိုအရေးမစိုက်တော့တာလား..."
"...မဟုတ်ပါဘူးမောင်ရယ်...ဒယ်ဒီကုမ္ပဏီကအရေး​​​ေပါ်အခြေအနေမို့ခပ်မြန်မြန်လာလိုက်ရတာပါ..မောင်ကိုပြောချင်ပေမဲ့..လေယာဥ်မမှီမှာဆိုးလို့အားချင်းထွက်ခဲ့ရတာမောင်ရဲ့..မောင့်..ကျော့ကိုစိတ်မဆိုးပါနဲ့နော်အရေးကြီးနေလို့အမြန်လာလိုက်ရတာပါ ချစ်တယ်လေမောင်ရယ် နော်..နော်..နော်..."
"...ချစ်ရသူကပြန်ချော့နေတော့လည်းဒီကကောင်ကြီးကပြေပြီပေါ့ဗျာ.. မောင်လေကျော့ကိုအရမ်းလွမ်းတယ်သိလား အရမ်းလည်းချစ်တယ် မောင်ရဲ့ကျော့လေးက3လလောက်နေရမှာဆိုတော့မောင်တော့အလွမ်းနာကြတော့မယ်ကွာ..."
"...သိပ်အချွဲပိုနေတာမောင်က အဲ့လိုချွဲ​လို့လည်းဒီကပိုချစ်​နေရတာသိလား...ထမင်းရောစားပြီးပြီလားမောင်..."
"...အင်း..စားပြီးပါပြီ..သိပ်တောင်မစားဘူး.မောင့်ရဲ့ကျော့လေးကိုလွမ်းနေလို့..."
"...ဟုတ်ပါပြီ  မောင်ဒါဆိုဒါပဲနော်ဒယ်ဒီခေါ်နေပြီရှယ်ယာရှင်အစည်းအဝေးပွဲသွားရအုန်းမယ်နောက်နေ့မှပြန်ဆက်လိုက်မယ် ချစ်တယ်မောင်..."
"...မောင်လည်းချစ်တယ်ကျော့..."ကျော့နဲ့ဖုန်းပြောပြီးလို့အမှတ်မထင်ဟိုဘက်အိမ်ကိုလှမ်းကြည့်နေတုန်းညအိပ်ဝတ်စုံအပြာနုရောင်ဖဲသားအကျီင်္ ဝမ်းဆက်ကိုဝတ်ထားပြီးဖုန်းကိုနားနဲ့ပခုံးကြားညှပ်ထားပြီးတံခါးပိတ်နေတဲ့ခတ္တာကိုတွေ့လိုက်ရသည်သူမကတော့ဖုန်းကိုလက်က ကိုင်ပြီးမျက်နှာထားတည်တည်နဲ့​ပြောနေသည်ဘာကိစ္စမို့အမြဲမျက်နှာပြုံးနေတဲ့မိန်းကလေးကခုလိုမျက်နှာတည်နဲ့ပြောနေရတာပါလိမ့်လို့အာဏာတွေးမိလိုက်သည်စပ်စုချင်ဇောနဲ့ဝရံတာအစွန်းကနေအိမ်နှစ်အိမ်ကြားမှာရှိတဲ့ပိတောက်ပင်ပေါ်ကုပ်ဖက်တက်လိုက်တော့သူမအခန်းရှေ့ဝရံတာနားကိုရောက်သွားတော့အဆင်ပြေသွားသည်ခုဆိုအသံကိုကြည်ကြည်လင်လင်ကြားရပြီတိတ်တိတ်လေးခိုးနားထောင်လိုက်သည်
"...ငါခုမလာနိုင်သေးဘူးမဟာ...နောက်လကုန်ခါနီးမှလာခဲ့မယ်...ခုတော့နင့်ဘာသာအဆင်ပြေအောင်အချိန်ဆွဲထားလိုက်...ငါလာမှငါ့ဘာသာရှင်းမယ်..."မဟာဆိုတဲ့အသံ​ကြောင့်အာဏာလည်းဘယ်သူများလဲဆိုပြီးသိချင်လို့ကိုင်းဖျားရှေ့ထပ်တိုးရင်နားထောင်ပြန်သည်
"...ခတ္တာ...မင်းလာမဲ့ရက်ကိုအတိအကျပြော...ကိုယ်လာကြိုပေးမယ်..မင်းတစ်ယောက်ထဲကိုယ်စိတ်မချဘူး..."
"...ဒီလမ်းဒီခရီးကငါသွားနေကြပါမျက်စိမှိတ်သွားလို့ရတယ်နင်သာအချိန်ဆွဲထားပေးဟုတ်ပြီလား..."
"...နင်ကစကားကိုအဲ့လိုပြောနေလို့ခုထိရည်းစားမရတာသိလား..ပြောလိုက်ရင်တုံးတိ..."ခတ္တာလည်းခန့်မဟာစကားကြောင့်ပါးချိုင့်နှစ်ဖက်ပေါ်တဲ့အထိပြုံးပြီးရယ်လိုက်မိသည်
"...ဟား...ဟား...ရည်းစားမရတာမဟုတ်ဘူး ကိုယ်ချစ်တဲ့သူကိုမရတာ မဟာရေ...ဒါပဲနော်ငါအိပ်တော့မယ် မနက်ကြသင်တန်းသွားစရာရှိတယ် ဘိုင့်ဘိုင့်..."
"...အေ ဘိုင့်ဘိုင့်..."မဟာဆီကဖုန်းကျသွားတော့မှခတ္တာလည်းဝရံတာကိုမှီပြီးလက်ကိုဆန့်ပြီးအေးမြနေတဲ့လေကိုရှိုက်သွင်းလိုက်သည်အခန်းထဲဝင်ခါနီးကိုကိုအခန်းဘက်ကြည့်တော့မီးလင်းနေသေးသည်မအိပ်သေးတာလားဟ
"...ကိုကိုကခုထိမအိပ်သေးတာဘာများလုပ်နေလို့ပါလိမ့်နော်..."ပြောရင်းတံခါးဖွင့်ဖို့ကြံနေတုန်းပိတောက်ပင်ဆီကနေတစ်ကျွီကျွီကြားလိုက်ရသည်မို့ကိုယ်လေးတုန်သွားသည်
"...ဘုရားရေ..သရဲများလျှောက်တာလား..မဟုတ်လောက်ပါဘူးလေတိုက်လို့ဖြစ်မှာပါ..."ပြောရင်းအနားကိုခပ်နှေးနှေးလေးလျှောက်သွားလိုက်ရင်းလိုက်ကြည့်နေသည်အာဏာလည်းခတ္တာကသူ့ဘက်ကြည့်နေသည်မို့အသံကိုငြိမ်အောင်ထားပြီးနေနေရသည်မဟုတ်ရင်သူခိုးလူမိမည်မဟုတ်လားတော်သေးသည်ပိတောက်ပင်ကအုံ့အုံ့မှိုင်းမှိုင်းကြီးမို့မတွေ့ရပေ ခတ္တာလည်းဘာမှမတွေ့တာနဲ့အခန်းထဲဝင်ပြီးမီးမှိတ်အိပ်လိုက်သည် ခတ္တာအခန်းမီးမှိတ်တော့မှအာဏာလည်းအခန်းဘက်ပြန်လာခဲ့သည်
"...ခတ္တာကတစ်ခုခုတော့တစ်ခုခုပဲ...ဘာတွေများပါလိမ့်..."အာဏာလည်းမတွေးတော့ဘဲမီးမှိတ်ပြီးအိပ်လိုက်သည်

တစ်ကျော့ပြန်(Completed)Where stories live. Discover now